နည်းပြ ဒေါ်သိန်သိန်းအေး ကို တွေ့မြင်ရစဉ်

၃၀.၃.၂၀၂၃

Written by Peya

ပြင်သစ်တွင် ကျင်းပမည့် Women’s Olympic Football Tournament Paris 2024 ပြိုင်ပွဲ၏ ပထမအဆင့် ခြေစစ်ပွဲကို တာဝန်ယူရန် မြန်မာအမျိုးသမီး ဒိုင်လူကြီး ၂ ဦး တာဝန်ပေးခံရကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

ပထမအဆင့်ခြေစစ်ပွဲစဉ်များကို လာမည့် ဧပြီလအတွင်း စတင်ကျင်းပသွားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးဒိုင်လူကြီး (၂)ဦး တာဝန်ပေးခံရခြင်း ဖြစ်ကြောင်း သိရပြီး ဧပြီ ၁ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့၌ ကျင်းပမည့် Women’s Olympic Football Tournament Paris 2024 ပထမအဆင့်ခြေစစ်ပွဲစဉ်၏ အုပ်စု (ဃ)တွင် တာဝန်ယူကိုင်တွယ်ရန် ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးနှင့် အကူဒိုင်လူကြီး ဒေါ်ဂေးပလောင် တို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်စု (ဃ)တွင် အိမ်ရှင်ထိုင်း၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ သီရိလင်္ကာ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ ကိုဗစ်ကာလတွင် ရပ်ထားထားပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီနှင့် ဒိုင်ဌာနမှကြီးမှူးကျင်းပသည့် လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီးသင်တန်း ၁/၂၀၂၃ (MFF Newly Referee Course 1/2023) ကို လာမည့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အဆင့်မြင့်နိုင်ငံတကာပြိုင်များတွင် ထမ်းဆောင်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အရည်အချင်း ပြည့်မီသော လူငယ်ဒိုင်လူကြီးများပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအသိအမှတ် ပြု ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရေးအတွက် MFF Newly Referee Course 1/2023 အား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *