၁၅.၁၀.၂၀၂၆
Written By Thandar
Hill Picture ရုပ်ရှင်ထုတ်လုပ်ရေးက Romance Drama ဇာတ်လမ်းပုံစံ “ပိုးဖလံမျိုးမို့” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့် မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကိုစိုးထိုက်ရဲ့ ဝတ္ထုကို ယောက်ျားနေရာက ခံစားပြီးတော့ ရုပ်ရှင်ကိုတော့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်တွေကို ရိုက်ပြထားတာပါ။ တကယ်တမ်းတော့ စာရေးဆရာနဲ့ ဒါရိုက်တာက လင်မယားလို ညီအစ်ကိုလို၊ မိသားစုတစ်စုလိုဖြစ်နေကြတာပါ။ ဒါကို ကျွန်တော်ရင်ခုန်တယ်။ သူကလည်း ယောက်ျား ဘက်က မှန်တယ်။ ကျွန်တော်ကလည်း မိန်းကလေး စိတ်ဘက်က မှန်တယ်ဆိုပြီး နားလည်မှုရှိကြကာ ဒီအကြောင်းကို ဆွေးနွေးစရာတွေ ရှိခဲ့တယ်။ ပရိသတ်ကြီးအနေနဲ့ ကျွန်တော်တို့လို ထပ်တူကျမလား ဆိုတာကို အဲဒီအဖြေကို အရမ်းသိချင်တယ်။ ရင်လည်း ခုန်ပါတယ်။ လာရောက်ကြည့်ရှုရင် အကဲဖြတ်ပေးဖို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ဝိုင်း (𝐎𝐰𝐧 𝐂𝐫𝐞𝐚𝐭𝐨𝐫) ကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု ကိုစိုးထိုက် (ဖဒို)၊ ဇာတ်ညွှန်း လမင်းသာ၊ ဒါရိုက်တာဝိုင်း (𝐎𝐰𝐧 𝐂𝐫𝐞𝐚𝐭𝐨𝐫) က Romance Drama ဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ မိုးဟေကို၊ နီနီလင်းအိမ်၊ စည်ဖြိုး၊ မင်းအာကာ၊ ကိုင်၊ မိုးဇင်၊ စက်ရောင်နဲ့ ဧည့်သည်သရုပ်ဆောင်ယွန်းဝင့်လွှာအောင်တို့ ပါဝင်ထားကြပါတယ်။
“ပိုးဖလံမျိုးမို့” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ ၁၆ ရက်မှာ မြန်မာတစ်ပြည်လုံးရှိရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
“ကိုဝိုင်းက အမျိုးသမီးနေရာက ခံစားပြီးတော့ ပုံဖော်တယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်က ဒီဝတ္ထုကိုရေးတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက် ချယ်ရီဦးကို အမှန်အတိုင်း ပြောရရင် တော်တော်ဖမ်းယူရပါတယ်။ ဒီဇာတ်ကားရဲ့ Short Film ကိုကြည့်ပြီး မမိုးသရုပ်ဆောင်တာတွေ ကိုဝိုင်းရဲ့ အမျိုးသမီးဘက်ကို ရိုက်ကူးချိန်မှာ ချယ်ရီမုဒ်ကို အများကြီးတွေ့ပြီ ကျွန်တော်ကိုယ်တိုင်လည်း ချယ်ရီ နေရာကို တော်တော်လေးပြန်ပြီး ခံစားရတယ်။ ကိုဝိုင်းနဲ့ ကျွန်တော်နဲ့က လုံးဝတူတဲ့နေရာတစ်ခုရှိပြီး အဲ့ဒါကတော့ ဒီဇာတ်ကားကို ဇာတ်ညွှန်းရေးတဲ့အချိန်မှာ Video Call ခေါ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ငိုကြတာကတော့ အမှတ်တရဖြစ်ခဲ့ရပါတယ်”လို့ ဝတ္ထုဆရာကိုစိုးထိုက် (ဖဒို)က ပြောပါတယ်။
#နေတိုး #မိုးဟေကို #နီနီလင်းအိမ် #စည်ဖြိုး #naytoe #moehayko #ninilineain #siphyo #minarkar #kaiကိုင် #moezin #satyaung #YuneWintHlwarAung #ပိုးဖလံမျိုးမို့ရုပ်ရှင်ဇာတ်ကားကြီး #MTEntertainment
