၁၃.၁၀.၂၀၂၆
Written by Linn Eain
နာမည်ကျော် အင်းလေးဒေသမှာသာ တွေ့မြင်ရလေ့ရှိသည့် အင်းလေးရေပေါ်စျေး(ကေလာရွာ ရေပေါ်စျေး)တွင် ရိုးရာအစဥ်အလာမပြတ် စျေးနေ့များအတိုင်း ရောင်းဝယ်စည်ကားလျက်ရှိသည့် မြင်ကွင်းများကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရိုက်ကူးထားမှုကို ဖော်ပြအပ်ပါသည်။
အင်းလေးကန်အတွင်းရှိ ကေလာရွာရေပေါ်စျေးသည်ယခင် ရေပေါ်စျေးရှိသည့် ဟဲယာရွာမကျေးရွာ၏ အရှေ့ဘက်တွင်တည်ရှိပြီး၅ ရက်တစ်စျေးမှ ၅ ရက် နှစ်စျေးအဖြစ် စျေးခင်းရောင်းချပေးနေပြီး ဒေသထွက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အသားငါးများ၊ အင်းရိုးရာစားစရာမုန့်များနှင့် အစားအစာများ၊ ဒေသခံတို့၏ လက်မှုပစ္စည်းများကို ဝယ်ယူနိုင်ကြောင်း သိရသည်။








