၁၃.၁၀.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာတွင် တစ်ရွာတည်းနေသူ အမျိုးသားနှစ်ဦး အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှု အောက်တိုဘာလ ၁၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်သူ ဖမ်းမိခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကမာနတ်ကျေးရွာ၊ ရွှေစင်္ကြာပိုင်းနေ ကိုစိုးကျော်ကျော်နှင့် နိုင်လင်း(ခ) ဓားမတို့ အရက်မူးကာ စကားများရန်ဖြစ်ရာမှ နိုင်လင်းက ကိုစိုးကျာ်ကျော်ကို ဓားဖြင့်ခုတ်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ဓားခုတ်ခံရသူ ကိုစိုးကျော်ကျော်တွင် ဦးခေါင်း၊ နားတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိသဖြင့် ပဲခူးဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရာ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ဓားဖြင့်ခုတ်သတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့သော အသက် ၂၃ နှစ်အရွယ် နိုင်လင်း(ခ)ဓားမကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိခဲ့ပြီး ပဲခူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်လျက်ရှိကြောင်း သိရသည်။
