၇.၉.၂၀၂၆
Written By Thandar
Y Creative Production က သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ မောင်သည်သာ Mini Series ကန်တော့ပေးပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
မောင်သည်သာ Mini Series မှာ ကျွန်တော်က ထည်ဝါ ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ဒီကားမှာတော့ ကျွန်တော်က မောင်မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ မောင်နှမသုံးယောက် တက်ညီလက်ညီနဲ့ ကြိုးစားကြမယ့် ဇာတ်လေးပါ”လို့ သရုပ်ဆောင် ဇော်ရှိုင်းထက်က MT Entertainment ကိုပြောပါတယ်။
အဆိုပါ ဇာတ်လမ်း ရဲအောင်မင်း၊ ဇာတ်ညွှန်း မယ်သဒ္ဒါတို့က ရေးသားပြီး ဒါရိုက်တာ စမ်းဝတီက စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ အပိုင်း ၁၀ ပိုင်းစာ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဇော်ရှိုင်းထက်၊ ရွှေဖလားကျော်၊ ဖြူစင်သော်၊အေဏီဇော်၊ ရှိုင်း၊ စိမ့်၊ သက်ထက်ချစ် စတဲ့သူတွေပါဝင်ထားကြပါတယ်။
“ညီမကတော့ ဘားအံ့ကနေ ဒီဇာတ်ကားအတွက် Audition ဝင်လျှောက်ရင်းက ရွေးချယ်မှုကြောင့် ပါဝင်ခဲ့တာပါ။ ဒီကားမှာ ပါဝင်ရတာမို့ အရမ်းပဲ ပြောမပြတတ်အောင်လည်း စိတ်လှုပ်ရှားရပါတယ်။ ကိုဇော်ရှိုင်းထက်နဲ့ရိုက်ကူးရမှာမို့ ပိုပြီးတာဝန်လည်းကြီးပါတယ်”လို့ သရုပ်ဆောင် ဖြူစင်သော်က MT Entertainment ကိုပြောပါတယ်။
#ဇော်ရှိင်းထက် #ZawShineHtet #ရွှေဖလားကျော် #ဖြူစင်သော် #ShwePhaLarKyaw #အေဏီဇော် #PhyuSinThaw #ANiZaw #မောင်သည်သာ #YCreativeProduction #MiniSeries
