

၂၂.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ဝင်းရပ်ကွက်ရှိ နန်းကတ်ချောင်းတွင် အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က စျေးလာရောင်းသူ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
“ကောင်လေးက သူ့မိန်းမနဲ့ ပွဲစျေးမှာ စျေးလာရောင်းတာ။ နေ့ခင်းမှာ မိန်းမက ချောင်းစပ်မှာ အဝတ်လျှော်နေတုန်း သူက ချောင်းထဲရေဆင်းကူးရင်းနဲ့ ရေနစ်ပြီး ပျောက်သွားတာပါ။ တစ်နာရီကျော်အကြာမှာပဲ ကောင်လေးအလောင်းကို ပြန်တွေ့ပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
ရေနစ်ကာပျောက်ဆုံးနေသော လူငယ်ကို ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ရွှေမေတ္တာနာရေးကူညီမှုအသင်းမှ အသင်းဝင်များက ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
