နေမိုး
၂၂. ၁၀. ၂၀၂၆
စစ်ကိုင်းမြို့၊ ကံတလူတိုးဂိတ်အနီးတွင် ဖမ်းမိသည့် ဗိုလ်မှူးကြီးဆိုသူတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ကျူးလွန်သည့် စစ်ကိုင်း PDF အဖွဲ့ဖြစ်သော လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ယနေ ဝန်ခံချက် ထုတ်ပြန်သည်။
ကျူးလွန်သည့် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) ၏ ဝန်ခံချက်အရ ဗိုလ်မှူးကြီး ဇော်မျိုးတင့် ကိုယ်ပိုင်အမှတ် ( ကြည်း-၂၉၄၅၈ ) ဆိုသူအား စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးတွင် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်တွင် လက်ဝယ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့နောက်တွင် ဖမ်းဆီးရမိသော ဗိုလ်မှူးကြီး ဇော်မျိုးတင့် အား NUG နှင့် PDF အဖွဲ့အစည်း အဆင့်ဆင့်ထံ လွှဲပြောင်းပေးအပ်ရန် ပြုလုပ်နေစဉ် အောက်တိုဘာ ၁၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့က ခြေလျင် စစ်ကြောင်း၊ ဝေဟင်ပစ်ကူများ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်တွင် ဗိုလ်မှူးကြီး ဇော်မျိုးတင့် မှ PDF များ ကိုင်ဆောင်ထားသော လက်နက်အား လုယူ၍ ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ကျူးလွန်သည့် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) ၏ ဝန်ခံချက်က ဖော်ပြသည်။
အသက်ရှင်လျက် လက်ရဖမ်းမိထားသော စစ်သုံပန်းကို အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်ခြင်းမှာ စစ်ရာဇဝတ်မှူ ကျူးလွန်ခြင်းဖြစ်သလို အဆိုပါဖြစ်စဉ်အပေါ် MT News သတင်းဌာနအနေဖြင့် မြေပြင်အတည်မပြုနိုင်သလို တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းဆဲဖြစ်ပြီး ယခုသတင်းမှာလည်း ကျူးလွန်သည့် NUG ဩဇာခံ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) ၏ ဝန်ခံချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်။
