၆.၉.၂၀၂၆
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ် ချစ်ခင်အားမှုများစွာရရှိထားတဲ့ မင်းသမီး အကယ်ဒမီ မယ်လိုဒီက ယနေ့ စက်တင်ဘာ ၆ ရက်မှာကျရောက်တဲ့ အသက် ၄၄ နှစ်ပြည့် မွေးနေ့မှာ “အချစ်”Music Video ကို ပရိသတ်ကို လက်ဆောင်ပေးခဲ့ပါတယ်။
“ဒီနေ့ မျိုးရဲ့မွေးနေ့မှာ ချစ်ပရိသတ်တွေအတွက် သီချင်းလေးတစ်ပုဒ် လက်ဆောင်အနေနဲ့ တင်ပေးထားပါတယ်။ ဒီသီချင်းလေးကတော့ မျိုးရဲ့ ထွက်ရှိထားတဲ့သီချင်းတွေထဲက “အချစ်” ဆိုတဲ့သီချင်း လေးရဲ့ MV လေးကို အမှတ်တရလက်ဆောင်အဖြစ် တင်ပေးလိုက်တာပါ”လို့ အကယ်ဒမီ မယ်လိုဒီက ပြောပါတယ်။
အချစ် သီချင်းကို တေးရေးဆရာ Mahaw က ရေးသားပေးထားတာလည်းဖြစ်ပြီး Music Producer Mahaw ၊ Maxing & Mastering မျိုးဇော်ထက်၊ Studio Platinum က ဖန်တီးပုံဖော်ပေးထားသလို ယနေ့မှာ Academy Melody Facebook, TikTok, YouTube တို့မှာ တင်ပေးထားတာလည်းဖြစ်ပါတယ်။
မယ်လိုဒီက သရုပ်ဆောင်ပိုင်းအပြင် ဂီတပိုင်းမှာလည်း တေးရေး ထူအိမ်သင်းရဲ့ “ခွင့်မပြု”၊ တေးရေး သိန်းလင်းစိုးရဲ့“မင်းပျော်လား” စတဲ့ တေးသီချင်းတွေ ထွက်ရှိထားသူလည်းဖြစ်ပါတယ်။
#မယ်လိုဒီ #Medody #အချစ်MV #Love #MyanmarSinger #CeleBirthday
