သတိုး
၆. ၉. ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ သင်တန်းသားများအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သလို သံရုံး၊ စစ်သံရုံး မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ)တို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
