၂၉.၈.၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျာနိုင်ငံ၏ မြို့တော် နီယာမေတစ်ဝန်းတွင် သေနတ်သံများနှင့် ပေါက်ကွဲသံများကို သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့ ညပိုင်းမှ သြဂုတ်လ ၂၉ ရက်၊ စနေနေ့ နံနက်အစောပိုင်းအထိ ညလုံးပေါက် ကြားခဲ့ရကြောင်း သတင်းများအရ သိရသည်။
တိုက်ခိုက်သူများက စစ်ဘက်လေတပ်စခန်းတစ်ခုလည်းရှိသော ဒီအိုရီ ဟာမာနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပစ်မှတ်ထားခဲ့ပြီး သမ္မတရုံးပတ်လည်ရှိ လုံခြုံရေးနယ်နိမိတ်ကို ချိုးဖောက်ရန် ကြိုးစားခဲ့ကြသည်။

အတိုင်ပင်ခံကောင်စီတွင် တာဝန်ထမ်းဆောင်နေသော ဥပဒေပြုအမတ် ဘာနာ ဝါဂါနာ အီဘရာဟင်က “စစ်အခြေစိုက်စခန်း ၁၀၁ ကို နောက်ထပ်ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုကို ကျွန်တော်တို့ရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေကို ထိန်းချုပ်ထားနိုင်တာသေချာပါတယ်” ဟု ပြောကြားခဲ့သည်။
မြို့တော်နီယာမေသည် ယခုနှစ်တွင် အစ္စလာမ္မစ်အစွန်းရောက် ဂျီဟတ်ဝါဒီများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို နှစ်ကြိမ်ခံခဲ့ရသည်။ တစ်ကြိမ်မှာ “ဆာဟယ်ရှိ အစ္စလာမ္မစ်နိုင်ငံတော်” အဖွဲ့ (EIS) နှင့် ဇွန်လတွင် အစ္စလာမ်နှင့် မွတ်စလင်များ ပံ့ပိုးရေးအဖွဲ့ (JNIM) တို့က နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။
ဆာဟာရ သဲကန္တာရတောင်ပိုင်း၊ ခြောက်သွေ့သောမြက်ခင်းပြင် ဒေသနိုင်ငံများဖြစ်သည့် အိမ်နီးချင်း မာလီနှင့် ဘာကီနာဖာဆိုတို့ကဲ့သို့ပင် နိုင်ဂျာနိုင်ငံအား ဂျီဟတ်သူပုန်ထမှုကို တားဆီးရန် ရုန်းကန်နေရသော စစ်အစိုးရမှ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ သြဂုတ်လ ၂၉ ရက်က အွန်လိုင်းပေါ် မျှဝေထားသည့် ဗီဒီယိုဖိုင်များတွင် လေဆိပ်အနီး ရပ်ကွက်ထဲ၌ သံချပ်ကာယာဉ်များ တပ်ဖြန့်ထားသည်ကို တွေ့ကြရသည်။
လက်ရှိအချိန်အထိ သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွားသော အခြေအနေ မသိရသေးသလို နိုင်ဂျာစစ်အစိုးရထံမှလည်း ချက်ချင်းထုတ်ပြန်ချက် မရှိသေးပေ။
Ref: DW News
