သက်တံ့
၂၉. ၈. ၂၀၂၆
လာမည့် စက်တင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ၏ စုံညီအစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ မွန်ဂိုလီးယားဝန်ကြီးချုပ် ညမ်-အိုဆောရင် အုချ်ရယ်လ် (Nyam-Osoryn Uchral) ၊ မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်ဒုတိယဝန်ကြီးချုပ် ဒင်းရှူရှန် (Ding Xuexiang) တို့က ရုရှားသမ္မတပူတင်နှင့်အတူ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
“ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ မွန်ဂိုလီးယားဝန်ကြီးချုပ် ညမ်-အိုဆောရင် အုချ်ရယ်လ်၊ မြန်မာနိုင်ငံက ဒုတိယသမ္မတ ဦးညိုစောနဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် ဒင်းရှူရှန် တို့ တက်ရောက်ကြမှာဖြစ်ပါတယ်” ဟု အူရှာကော့ဗ် က သတင်းထောက်များကို ပြောကြားခဲ့သည်။
အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကို စက်တင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ အဓိကဆောင်ပုဒ်မှာ “ပြည်သူများ၏ အကျိုးစီးပွားအတွက် အရှေ့ဖျားဒေသကို ဖွံ့ဖြိုးတိုးတက်စေခြင်း” ဖြစ်သည်။
အဆိုပါဖိုရမ်ကို ရုရှားအစိုးရ၏ ပံ့ပိုးမှုဖြင့် Roscongress ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပခြင်းဖြစ်သည်။
Ref: TASS
