၂၈.၈.၂၀၂၆.ျာ့
Translated by Htwe Ko Tun
နှီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်အနီးရှိ ချော့ချန်ခိုလာနှင့် ပူရီပူ ဆန်ပိုမြစ်ဆုံအနီး ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသောအတားအဆီးရေကန် သြဂုတ်လ ၂၈ ရက်တွင် ကျိုးပေါက်သွားကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဘိုတေးကိုရှီ မြစ်အတွင်းသို့ ရေများ ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာကြောင်းသိရသည်။
နီပေါနိုင်ငံအတွင် ရာဆူဝါခရိုင်တွင် လေကြောင်းကင်းထောက်မှုများ ပြုလုပ်ရန်ပြင်ဆင်နေပြီး ရာဆူဝါ ခရိုင်အရာရှိချုပ် နာရန်ဒရာ ပါရီယာက ရေကန်ကျိုးပေါက်သွားကြောင်း နီပေါတပ်မတော်မှ သြဂုတ်လ ၂၈ ရက်တွင် ၎င်းထံ အကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

မြစ်ဆုံအနီး တရုတ်ဘက်ခြမ်းရှိ အဆိုပါ ရေကန်သည် ရေလျှံနေပြီး ရေများ ပိုမိုစီးဆင်းလာသည်နှင့်အမျှ ကျိုးပေါက်နိုင်ခြေမြင့်မားကြောင်း တရုတ်အာဏာပိုင်များက သြဂုတ်လ ၂၇ ရက်တွင် သတိပေးပြီးနောက် တစ်ရက်အကြာတွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
နီပေါနိုင်ငံ၏ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ဘိုတေး ကိုရှီ မြစ်၏ ရေမျက်နှာပြင် မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။
ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကယ်ဆယ်ရေးညှိနှိုင်းရေးဌာနမှ အရာရှိတစ်ဦးက ဒန်ချီနှင့် ရာဆူဝါ၏ အခြားဒေသများတွင် တပ်စွဲထားသော ရဟတ်ယာဉ်များကို ကင်းထောက်ရန်အတွက် စေလွှတ်မည်ဟု ပြောကြားခဲ့သည်။ စစ်ဆင်ရေးအတွက် ခတ္တမန္ဒူမှ နောက်ထပ်ရဟတ်ယာဉ်များ စေလွှတ်မည်မဟုတ်ကြောင်း အရာရှိက ပြောကြားခဲ့သည်။
“တရုတ်ဘက်ခြမ်းရှိ ရေကန် ကျိုးပေါက်သွားကြောင်း သတင်းများ ထွက်ပေါ်လာပါသည်။ ထို့ကြောင့် ဒန်ချီနှင့် ရာဆူဝါတွင် တပ်စွဲထားသော ရဟတ်ယာဉ်များကို ကင်းထောက်ရန် စေလွှတ်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပါပြီ” ဟု အရာရှိက ပြောကြားခဲ့သည်။
အဆိုပါ ရေကန် ကျိုးပေါက်မှုကြောင့် အောက်ဘက်တွင် ရေလှိုင်းများ ထပ်မံဖြစ်ပေါ်စေနိုင်ပြီး ဘိုတေးကိုရှီမြစ်နှင့် ထရွိုင်စ်ဟူလီမြစ်များတစ်လျှောက်ရှိ လူနေရပ်ကွက်များ၊ လမ်းများ၊ တံတားများနှင့် အခြားအခြေခံအဆောက်အအုံများကို ထိခိုက်စေနိုင်ကာ လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုရှုပ်ထွေးခက်ခဲစေမည်ဖြစ်သည်။
Ref: Kahtmandu Post
