၂၈.၈.၂၀၂၆
Written by KL
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတစ်ပင်ရပ်ကွက်၊ ကျောက်မျက်ဝန်း၊ လမ်းဘေးသဘာဝရေကန်တွင် Hyundai အမျိုးအစား မော်တော်ယာဥ်တစ်စီး အရှိန်လွန်ပြုတ်ကျရာမှ လူနှစ်ဦးသေဆုံးမှု ယနေ့ သြဂုတ်လ ၂၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော Hyundai Sonata အမျိုးအစား အဖြူရောင်မော်တော်ယာဥ်တစ်စီးမှာ အရှိန်လွန်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်လိုက်ပါလာသူ နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။




မော်တော်ယာဥ်တစ်စီး ရေကန်ထဲပြုတ်ကျမှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဝိုင်းဝန်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် မော်တော်ယာဥ်နှင့် သေဆုံးသူနှစ်ဦးလုံးကို ဆယ်ယူနိူင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ကိုကျော်မင်းသွင်နှင့် အသက် ၂၇ နှစ်အရွယ် မအိမွန်ကိုတို့ဖြစ်ပြီး ၎င်းတို့၏ရုပ်အလောင်းကို လူငယ်တွဲလက်လူမှုကူညီရေးအသင်းယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
