MT News
၂၈. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။





သံအမတ်ခန့်အပ်လွှာမပေးအပ်မီ ထိုင်းနိုင်ငံသံအမတ်ကြီးသည် ဂုဏ်ပြုဆောင်ခန်းမကြီးသိုရောက်ရှိကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ထိုင်းနိုင်ငံအလံတိုအား အလေးပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ၏ အလေးပြုခြင်းကို ခံယူသည်။
ထိုနောက် နိုင်ငံတော်သမ္မတနှင့်ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
