သက်တံ့
၂၈. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုန်ဝမ်ခရိုင်ရှိ OneSiam ကုန်တိုက်၏ ကောင်းကင်လျှောက်လမ်း (Skywalk) ပေါ်တွင် သောကြာနေ့ နံနက်ပိုင်းက အသိအမှတ်ပြု ပညာရေးကျောင်း နှစ်ကျောင်းမှ ပြိုင်ဘက် ကျောင်းသားအုပ်စုများအကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် လမ်းသွားလမ်းလာများအကြား ထိတ်လန့်တုန်လှုပ်မှု ဖြစ်ပေါ်စေခဲ့သည်။
ပထုန်ဝမ် ရဲစခန်းသည် သောကြာနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ခိုက်ရန်ဖြစ်ပွားမှု သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ ကင်းလှည့်ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အရာရှိများကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ရာ ပြိုင်ဘက် ကျောင်းသားအုပ်စုများ ရိုက်နှက်ခိုက်ရန် ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရသည်။

ရဲအရာရှိများက ဝင်ရောက်တားဆီးခဲ့ပြီး ကျောင်းသား ၈ ဦးကို ထိန်းသိမ်းခဲ့သည်။ အခြား ၄ ဦးမှာ ထိုးနှက်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးပြုစုပေးခဲ့ပြီးနောက် ဆေးဝါးကုသမှုခံယူရန် ဟွာချူး (Hua Chiew) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထိန်းသိမ်းခံထားရသူ သံသယရှိသူ ၈ ဦးကို စစ်ဆေးမေးမြန်းခြင်းနှင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပထွန်ဝမ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
Ref: Bangkok Post
