၂၈.၈.၂၀၂၆
Written By Thandar
အနုပညာရှင်တွေဖြစ်တဲ့ နေမင်းနဲ့ ဖြိုးမြတ်အောင်တို့က ဩဂုတ် ၂၇ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နဲ့ အနီးတစ်ဝိုက်ရှိ ရေဘေးသင့်ပြည်သူတွေဆီကို စေတနာရှင် အလှူရှင်တွေရဲ့ကိုယ်စား ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့မှာတော့ ကျွန်တော်တို့က စေတနာရှင် အလှူရှင်တွေရဲ့ အလှူငွေနဲ့ပစ္စည်းတွေကို ဧရာဝတီတိုင်းက ငါးသိုင်းချောင်းမြို့နဲ့ အနီးတစ်ဝိုက်ရှိ ရေဘေးသင့်ပြည်သူတွေဆီကို သွားပြီး ကိုယ်တိုင်သွားလှူဖြစ်ခဲ့ပါတယ်”လို့ အဆိုတော် ဖြိုးမြတ်အောင်က ပြောပါတယ်။
အဆိုပါ အလှူကိုတော့ ကျုံတာရွာက ၇၅ အိမ်ထောင်စုစာ ဆန်အိတ် ၈၀ အတွက် ကျပ် ၃,၇၅၀,၀၀၀ သိန်း၊ ကျောင်းထိုင်ဆရာတော်အတွက် အလှူငွေကျပ် ၂၅၀,၀၀၀၊ ဒေါင့်ကြီးတာဝေါမှာ အိမ်ထောင်စု ၆၁ စု အတွက် ကျပ် ၁,၈၃၀,၀၀၀ နဲ့ ဆေးဝါးဖိုး ကျပ် ၅၀၀၀၀၊ ဓမ္မဝေပုလ္လကျောင်း ရေဘေးရှောင်စခန်းကို ဆန် ၃၃ အိတ်နဲ့ ငွေကျပ် ၁,၀၀၀,၀၀၀၊ ဟင်္သာတညီအကိုများ ပရဟိတအဖွဲ့အတွက် ငွေကျပ် ၁,၀၀၀,၀၀၀ တို့ကို အောင်မြင်စွာ ပါဝင်ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ခုလို အောင်မြင်စွာလှူဒါန်းနိုင်ဖို့ ပါဝင်ကူညီခဲ့တဲ့ စေတနာရှင် အလှူရှင်တွေအားလုံးနဲ့ လမ်းခရီးတစ်လျှောက် အစစအရာရာ ဝိုင်းဝန်းကူညီပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ လှူဒါန်းမှု အစုစုအတွက် ကုသိုလ်ဒါနအားလုံးကို မိဘဘိုးဘွားဆရာသမားနဲ့ သတ္တဝါအနန္တတို့အား အမျှပေးဝေပါတယ်ခင်ဗျာ”လို့ သူက ဆက်ပြောပါတယ်။
#နေမင်း #ဖြိုးမြတ်အောင် #NayMin #PhyoMyatAung #ဧရာဝတီတိုင်း #ငသိုင်းချောင်းမြို့ #ရေဘေးသင့်ပြည်သူ #ကိုယ်တိုင်သွားရောက်လှူဒါန်း #MyanmarDonation #MyanmarSinger












