၂၄.၈.၂၀၂၆
Written By Thandar
အောင်မြင်ကျော်ကြားတဲ့ သီချင်းပေါင်းများစွာကိုဖန်တီးသီဆိုခဲ့သူ ပြည်သူချစ် အဆိုတော်ကြီး ကိုင်ဇာ(ခ)ဦးညီညီဝင်း အသက် ၆၆ နှစ်ရဲ့ နောက်ဆုံးခရီးကို ဒီနေ့ ဩဂုတ်လ ၂၄ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။






အဆိုပါ နောက်ဆုံးခရီး နာရေးအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဂရေဟမ်၊ စိန်ဝင်းထွန်း၊ဝေလ၊ ဒေါင်းဝေ၊ မေခလာ၊ သီရိကိုကို၊ ပန်းရောင်ခြယ် စတဲ့သူတွေ တက်ရောက်ပို့ဆောင်ခဲ့ကြပါတယ်။






ဝါရင့်အဆိုတော် ကိုင်ဇာဟာ အသက် ၆၆ နှစ်အရွယ်မှာအသည်းနဲ့ အဆုတ်ရောဂါတွေနဲ့ ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံမှာ ဩဂုတ် ၂၂ ရက် ညပိုင်းက တိမ်းပါး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီနေ့ ညနေ ၄ နာရီမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။
