၂၂.၁၀.၂၀၂၆
Written By Thandar
Yee Mon Aung Film Production က ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “လမ်းပြကြယ်”ဇာတ်လမ်းတွဲရိုက်ကူးရေးနဲ့ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပဘုရားမှာ ကျင်းပခဲ့ပါတယ်။
“လမ်းပြကြယ်မှာ မေနှင်းထက်ကာရိုက်တာနဲ့ ပါဝင်မှာဖြစ်ပါတယ်။ မေနှင်းထက်က အရမ်း Strong ဖြစ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ယောက်ျားသားဆန်ဆန် ချစ်စရာကောင်မလေးပါ။ သူ့ရဲ့ ဇာတ်လမ်းပုံစံလေးက မဆိုးဘူး။ ပရိသတ် အကြိုက်တွေ့မှာပါ။ ဒီဇာတ်လမ်းတွဲ ထွက်လာရင်လည်း ဝေဖန်ကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်” လို့ သရုပ်ဆောင် ဥဩသံသာကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း/ဒါရိုက်တာ ဝိဒ၊ ဇာတ်ညွှန်း အဲရစ်လင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းမြတ်စံ၊ ဥဩသံသာ၊ ပိုးထက်သိမ်မွှေ့၊ ထူးသာ၊ သာသာ၊ ကလေးသရုပ်ဆောင် ဝီလီနဲ့ ခေတ်မြတ်ရွှေသုန်နဲ့ တခြား အနုပညာရှင်တွေနဲ့ ရိုက်ကူးပါဝင်ကြမှာဖြစ်ပါတယ်။
လာမယ့် ၂၈ ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာ ရိုက်ကူးပြီး ဒီဇင်ဘာလမှာ Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
“ဒီဇာတ်လေးက ဆန်းဆန်းလေးနဲ့နှစ်နေအောင်ဖွဲ့ထားတာမို့ ဇာတ်လမ်းအစမှာထဲက ငိုရမှာပါ။ တမြေ့မြေ့ဆွေးပြီးတော့ ပရိသတ်တွေခံစားရမယ် ဇာတ်လေးမို့ တစ်ရှုးလေးတွေ ဆောင်ထားရမယ်လို့တော့ ကြိုပြောချင်ပါတယ်”လို့ Yee Mon Aung Film Production ထုတ်လုပ်သူ မရည်မွန်အောင်က ပြောပါတယ်။
#ကောင်းမြတ်စံ #ဥဩသံသာ #ပိုးထက်သိမ်မွှေ့ #ထူးသာ #သာသာ #KaungMyatSan #လမ်းပြကြယ် #OakAwwThanThar #HtooThar #TharThar #MTEntertainment
