နေမိုး
၂၄. ၈. ၂၀၂၆
“ဝ” လက်နက်ကိုင် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ချိန် ဆိုင်ခန်းတွဲတွေ ပြိုကျလာလို့ လူသုံးဦးသေဆုံးသွားတယ်လို့ “ဝ”ထိန်းချုပ်မီဒီယာ Wa News Land (WNL) က ဒီနေ့သတင်းဖော်ပြပါတယ်။





“ပန်ဆန်းမြို့အဝိုင်းပတ်၊ မိုင်းပေါက်သွားတဲ့ လမ်းဘက်မှာရှိတဲ့ ဆိုင်ခန်းတွဲလေးတွေ ပါသွားတယ်ဗျာ။ သူတို့က ဘေးမှာဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်တာလည်း အသိလည်း မပေးဘူး။ ရုတ်တရက် ပြိုကျလာတယ်။ လူ ၃ ဦးသေတယ်တဲ့။ ၃ ဦးကဆေးရုံတင်ထားရတယ်။”လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
တိုက်ခန်းတွဲ ပြိုကျတဲ့ဖြစ်စဥ်အတွင်း လူထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ WNL က ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
Ref & Photo – WNL
