၁၉. ၁၀. ၂၀၂၅
Written by Mmak
◾ လီဗာပူး Vs မန်ယူ
လီဗာပူးအသင်းက ပရီးမီယားလိဂ်မှာ နှစ်ပွဲဆက် ရှုံးခဲ့သလို ချန်ပီယံလိဂ်ပွဲမှာလည်း ရှုံးခဲ့တာကြောင့် အဝေးကွင်းသုံးပွဲဆက် ရှုံးပွဲတွေ့ထားပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းက အနည်းငယ်တက်ရိပ်ပြလာပေမဲ့ အဝေးကွင်းခြေစွမ်းကတော့ သိပ်မကောင်းသေးပါဘူး။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးပေါက်ပါတယ်။ လီဗာပူးနဲ့ မန်ယူအသင်းတို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဥ်ဟာ အမြဲလိုလိုပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး စူပါဆန်းဒေးညအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ မန်ယူအသင်းက အဝေးကွင်းသုံးပွဲကစားထားပြီးချိန်မှာ တစ်ပွဲသရေ နှစ်ပွဲရှုံးနဲ့ နိုင်ပွဲမရသေးသလို ခံစစ်က ခုနစ်ဂိုးထိ ပေးခဲ့ရပြီး တိုက်စစ်က နှစ်ဂိုးသာ ပြန်သွင်းထားနိုင်ပါတယ်။ မန်ယူအသင်းက အဝေးကွင်းပွဲတွေမှာ တစ်ပွဲကိုနှစ်ဂိုးလောက်ပေးထားရတယ်ဆိုတဲ့အချက်ကို တွေ့ရမှာဖြစ်ပြီး ခြေစွမ်းမကောင်းတာကိုလည်း တွေ့ရမှာပါ။ သုံးပွဲဆက်ရှုံးထားတဲ့ လီဗာပူးအနေနဲ့ကလည်း ဒီအိမ်ကွင်းပွဲမှာ ပြိုင်ဘက်ကောင်းတစ်သင်းကို အနိုင်ရဖို့ ပြင်ဆင်ထားမှာ ဖြစ်သလို နိုင်ပွဲလည်း ပြန်ရသင့်နေပါတယ်။ အန်းဖီးလ်ကွင်းမှာတော့ လီဗာပူးအသင်း အနိုင်သေချာနေပြီး ဂိုးပြတ်မလား မပြတ်ဘူးလားဆိုတာပဲ စောင့်ကြည့်ရမှာ ဖြစ်တာကြောင့် လီဗာပူးအသင်းကို ရွေးချယ်ရမှာပါ။

◾ စပါး Vs ဗီလာ
နောက်ဆုံးလေးပွဲဆက် အနိုင်ရခဲ့ပြီး ဗီလာအသင်းရဲ့ ခြေစွမ်းပိုင်း အကောင်းဘက်ရောက်လာတာကို တွေ့ရပါတယ်။ သောမတ်ဖရန့်ရဲ့ စပါးအသင်းကလည်း နောက်ဆုံးခုနစ်ပွဲဆက် ရှုံးပွဲမရှိထားဘဲ ခံစစ်တိုက်စစ် မျှတစွာ ကစားနိုင်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ နည်းပြနှစ်ယောက်လုံးရဲ့ ကစားကွက် တည်ဆောက်ပုံက ပုံစံတူတယ်လို့ ပြောလို့ရပြီး ခံစစ်ကို အခိုင်အမာ တည်ဆောက်ပြီး ဘောလုံးကိုင်ကစားတတ်တဲ့ အသင်းမျိုးတွေ ဖြစ်ပါတယ်။ ဒီနှစ်သင်းက ပုံစံကောင်းရနေတဲ့ အသင်းတွေဖြစ်သလို တစ်သင်းက ဘောလုံးကိုင်ကစားချိန်မှာ ကျန်တဲ့တစ်သင်းက ခံစစ်ပိတ်ထားပြီး အမှားစောင့်ကစားလာနိုင်တဲ့ ပွဲစဥ်မျိုး ဖြစ်ပါတယ်။ ဂိုးအရင်ရတဲ့အသင်းကလည်း နောက်တစ်ဂိုးထပ်ရဖို့ထက် ချေပဂိုးပြန်မပေးရအောင်သာ ခံစစ်ပိတ်ကစားလာနိုင်တာကြောင့် ဂိုးပေါင်းကြေး လျော့ကျနေတယ်လို့ထင်ပါတယ်။ ဒီပွဲက အပြန်အလှန်တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ ပွဲစဥ်မျိုးမဟုတ်ဘဲ ထိန်းကစားကြရင်း ကွင်းလယ်မှာတင် အချိန်ကုန်နေဖို့များပါတယ်။ ဒီပွဲစဥ်မှာ အများဆုံးအနေနဲ့ နှစ်ဂိုးလောက်သာ မြင်ရနိုင်ပြီး သုံးဂိုးရောက်ဖို့ ခက်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဖရိုင်းဘတ် Vs ဖရန့်ဖတ်
ဖရိုင်းဘတ်က နောက်ဆုံးခုနစ်ပွဲဆက် မရှုံးခဲ့သလို နောက်ဆုံးသုံးပွဲလုံး ဂိုးအောက်ကစားထားပြီး ခံစစ်လုံအောင် ကစားတတ်တယ်ဆိုပေမဲ့ အိမ်ကွင်းဆိုရင်တော့ တိုက်စစ်အသားပေး ကစားတတ်ပါတယ်။ ဖရန့်ဖတ်အသင်းကတော့ ရှစ်ပွဲကစားပြီးချိန်မှာ ခုနစ်ပွဲအထိ ဂိုးပေါ်ကစားထားပြီး တွေ့တဲ့အသင်းတိုင်းကို တိုက်စစ်ဖွင့်ကစားတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဖရိုင်းဘတ်က ဘော်ဒီကြေး ပြားတစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးလေးကြိမ်မှာလည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ထားသလို ဂိုးပေါင်းကြေးကလည်း ဂိုးပေါ်နေဖို့ ကောင်းနေပါတယ်။ ဒီပွဲကို ထိုးသားတိုင်းလိုလို ဂိုးပေါ်ရွေးချယ်ကြမှာဖြစ်တာကြောင့် ဂိုးပေါ်နေဖို့ အနည်းငယ် စိုးရိမ်မိပေမဲ့ ဂျာမာန်ဘွန်ဒက်လီဂါဆိုတာ ငါးပွဲကန်ရင် လေးပွဲလောက်က ဂိုးပေါ်နေတာကြောင့် ဂိုးအောက်ကိုလည်း မနေရဲပါဘူး။ အထူးသဖြင့် ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်အလွန်အကျွံ ကစားတတ်တဲ့ပုံစံနဲ့ အိမ်ကွင်းဆိုရင် တိုက်စစ်အသားပေးတတ်တဲ့ ဖရိုင်းဘတ် အသင်းတို့ကြောင့် ဂိုးပေါ်ကိုပဲ ကြိုက်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက် မြင်တွေ့ရမယ်လို့ ယူဆထားတာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ ဂီတာဖေး Vs ရီးရဲမက်ဒရစ်
ဂီတာဖေးအသင်းက ခံစစ်လုံအောင်ကစားပြီးမှ တန်ပြန်တိုက်စစ်နဲ့ ကစားတတ်တဲ့အသင်းမျိုးဖြစ်ပြီး လာလီဂါမှာ ဂီတာဖေးအသင်းရဲ့ ဂိုးပေါင်းကြေးတန်းက အနိမ့်ဆုံးလို့ ပြောလို့ရပါတယ်။ ရီးရဲကတော့ ခြေကောင်းနေပြီး အပေါ်စုံအောင်တာတွေ များလွန်းနေတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ ရီးရဲအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထာားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ ဒီလိုပေါက်ကြေးတွေက အပေါ်စုံအောင်ဖို့ မဖြစ်နိုင်ဘဲ အောက်ကြေးတစ်ခုတော့ ပြန်ရတတ်ပါတယ်။ ဒီနှစ်သင်း တွေ့ဆုံမှုနောက်ဆုံး ကိုးပွဲမှာ ရှစ်ပွဲအထိ ဂိုးအောက်ထားသလို ဂီတာဖေးက ခံစစ်ကို အသေပိတ်ကစားတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ရီးရဲအသင်းက ဘောလုံးကိုင်ကစားပြီး ဂီတာဖေးက ခံစစ်ပိတ်ကစားလာနိုင်တာကြောင့် ရီးရဲတိုက်စစ်နဲ့ ဂီတာဖေးခံစစ်တို့ အားပြိုင်ကြမဲ့ပွဲ ဖြစ်ပါတယ်။ ရီးရဲအသင်းကပ်နိုင်သွားနိုင်သလို ဂိုးမရှိသရေနဲ့တောင် ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ အတ္တလန်တာ Vs လာဇီယို
အတ္တလန်တာက နောက်ဆုံးလေးပွဲဆက် မရှုံးခဲ့ဘဲ တိုက်စစ်မှူးလွတ်ခ်မန်း ပြန်ပါလာတာကြောင့် တိုက်စစ်ပိုင်းလည်း ပိုကောင်းလာပါတယ်။ လာဇီယိုကတော့ တိုက်စစ်အားသန်ကစားတတ်ပြီး ခံစစ်ကလည်း ပေးဂိုးတွေများနေပါတယ်။ ဒီပွဲစဥ်မှာ အတ္တလန်တာအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံးပေါက်ပါတယ်။ အတ္တလန်တာပေးထားတဲ့ ဘော်ဒီကြေးက ပြင်းရှတယ်လို့ ပြောလို့ရပြီး သေချာပေါက်ဂိုးရမယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ တိုက်စစ်အသားပေးကစားတတ်သလို ခံစစ်ပြဲတဲ့ လာဇီယိုကြောင့် ဂိုးပေးရဖို့များနေပြီး သွင်းဂိုးလည်း ပြန်ရနိုင်တာကြောင့် ဒီပွဲက အပေါ်ကြေးနှစ်ခုမှာ တစ်ခုအောင်နိုင်သလို နှစ်ခုလုံးလည်း အောင်သွားနိုင်ပါတယ်။ ဒီလိုကြေးတန်းမျိုး အေစီနဲ့တီးနားပွဲမှာလည်း တွေ့ရပြီး ခြေပျက်နေတဲ့တီးနားကို အေစီက ရဲရဲတင်းတင်း ကြေးမပေးနိုင်တာ တွေ့ရပြီး ဂိုးပေါင်းကြေးကလည်း လျော့ကျနေတာ တွေ့ရပါတယ်။ ဒီကြေးနှစ်ခုကို ယှဥ်ကြည့်မယ်ဆိုရင် အတ္တလန်တာရဲ့ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက ပြင်းရှတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ကြေးပြင်းတဲ့ အတ္တလန်တာ ဘော်ဒီကို အကြိုက်တွေ့နေပြီး ဂိုးပေါ်ကိုလည်း အနည်းလောက် ရံကစားသင့်ပါတယ်။
