၂၇. ၉. ၂၀၂၅
Written by Mmak
◾ ဘရန့်ဖို့ Vs မန်ယူ
ဘရန့်ဖို့အသင်းက အဝေးကွင်း ကစားရတဲ့ သုံးပွဲလုံး ရှုံးခဲ့ပေမဲ့ အိမ်ကွင်းနှစ်ပွဲမှာ ဗီလာကို အနိုင်ရထားပြီး ချဲလ်ဆီးကို သရေကစားထားတာကြောင့် အိမ်ကွင်းကောင်းတဲ့ အသင်းမျိုးဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းကလည်း ယုံကြည်ပေးလို့ရတဲ့ အနေအထားမှာ မရှိသေးတဲ့အပြင် ဘရန့်ဖို့အိမ်ကွင်းမှာ မန်ယူအသင်းက နောက်ဆုံးသုံးနှစ်ဆက် နိုင်ပွဲရခဲ့ခြင်း မရှိပါဘူး။ ဒီပွဲစဥ်မှာ မန်ယူအသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ ဘရန့်ဖို့အသင်းက အိမ်ကွင်းဆိုရင် အသင်းကြီးတွေတောင် ရှိန်မနေတတ်ဘဲ သူတင်ကိုယ်တင် လိုက်ကစားတတ်ပြီး တိုက်စစ်ကစားပုံကလည်း ကောင်းမွန်တဲ့အတွက် အိမ်ရှင်ဘရန့်ဖို့အသင်း ဂိုးရမယ်လို့ ယူဆထားပါတယ်။ မန်ယူတိုက်စစ်မှာ ကွန်ညာ ပြန်ပါလာပေမဲ့ တိုက်စစ်က ရုန်းကန်နေရဆဲ ဖြစ်တာကြောင့် သွင်းဂိုးအများကြီးရမယ်လို့ မထင်ပါဘူး။ အိမ်ကွင်းအောက်ကြေး ဖြစ်တဲ့အပြင် ဘရန့်ဖို့အသင်း သေချာပေါက် ဂိုးရမယ်လို့ ယူဆထားတာကြောင့် အိမ်ရှင်ဘရန့်ဖို့အသင်းကို ကြိုက်ပါတယ်။
◾ပဲလေ့စ် Vs လီဗာပူး
နှစ်သင်းလုံးက ငါးပွဲစီကစားပြီးချိန်မှာ လီဗာပူးအသင်းက ငါးပွဲလုံး အနိုင်ရထားပြီး ပဲလေ့စ်အသင်းက နှစ်ပွဲနိုင် သုံးပွဲသရေ ဖြစ်ထားတာကြောင့် ရှုံးပွဲလုံးဝမရှိသေးတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ လီဗာပူးခံစစ်က ငါးပွဲမှာ တစ်ပွဲကို တစ်ဂိုးနှုန်းနဲ့ ငါးဂိုးသာ ပေးခဲ့ရပြီး ပဲလေ့စ်ခံစစ်က ငါးပွဲမှာ နှစ်ဂိုးသာ ပေးထားရပေမဲ့ ဂိုးပေါင်းကြေး အနည်းငယ်မြင့်မားနေတာကို တွေ့ရပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပေမဲ့ ဂိုးပေါင်းကြေး မြင့်နေတာကြောင့် ပဲလေ့စ်အသင်း သေချာပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းတိုက်စစ်ကလည်း ဂိုးရနိုင်တဲ့အပြင် လီဗာပူးတိုက်စစ်ကလည်း ဂိုးရဖို့ သေချာနေပါတယ်။ ပြင်းရှနေတဲ့ ဂိုးပေါင်းကြေးကြောင့် နှစ်သင်းလုံး ဂိုးရမယ်လို့ ယူဆထားပြီး ဂိုးပေါ်ကြိုက်ပါတယ်။




◾မန်စီးတီး Vs ဘန်လေ
မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ် အရှုံးပေးထားပါတယ်။ မန်စီးတီးအသင်းရဲ့ အပြင်းဆုံး ဘော်ဒီကြေးလို့ ပြောရမှာ ဖြစ်ပေမဲ့ ဂိုးပေါင်းကြေးကတော့ အရမ်းကို ကွာဟမှု ရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့ ခြေစွမ်းက အရမ်းကြီးကောင်းမနေသလို ကြားရက်မှာလည်း ချန်ပီယံလိဂ် ကစားရဖို့ရှိပေမဲ့ ဘော်ဒီကြေး အရမ်းပြင်းနေတာကို တွေ့ရပါတယ်။ ဘန်လေအသင်းက ခံစစ်ကစားပုံညံ့တဲ့အတွက် မန်စီးတီးအသင်း သေချာပေါက် ဂိုးရနိုင်သလို အနိမ့်ဆုံးအနေနဲ့ နှစ်ဂိုးပြတ်လောက်ထိ မျှော်လင့်လို့ ရပါတယ်။ သို့ပေမဲ့ ဂိုးပေါင်းကြေးက လုံးဝပျော့ပျောင်းနေတာကြောင့် သုံးဂိုးပြတ်နိုင်ဖို့လည်း ခက်မယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ မန်စီးတီးဘော်ဒီကို ရွေးမယ်ဆိုရင် ဂိုးပေါ်ကိုပါ လိုက်ရွေးရမဲ့ ပေါက်ကြေးဖြစ်နေပါတယ်။ ဘော်ဒီကြေး ဂိုးပေါင်းကြေး မမျှတဲ့ ဒီပွဲမှာ အောက်တစ်ကွက်တော့ သေချာပေါက် အနိုင်ရဖို့ ရှိနေတာကြောင့် ဂိုးအောက်ကို ပိုကြိုက်ပါတယ်။ ချန်ပီယံလိဂ်ပွဲ ကစားရမဲ့ မန်စီးတီးအသင်း ကပ်နိုင်သွားပြီး ဂိုးအောက်ကစားမယ် ထင်ပါတယ်။
◾ချဲလ်ဆီး Vs ဘရိုက်တန်
ချဲလ်ဆီးအသင်းမှာ ကိုးလ်ပါးမားနဲ့အတူ ကစားသမားအများစု ဒဏ်ရာရနေတာ တွေ့ရပါတယ်။ အဓိကအနေနဲ့ နောက်တန်းအတွင်းလူတွေ ဒဏ်ရာပြဿနာရှိနေတာဟာ ခံစစ်ညံ့တဲ့ ချဲလ်ဆီးအသင်းအတွက် ဂိုးပေးရနိုင်တဲ့အချက် ဖြစ်နေပါတယ်။ ဘရိုက်တန်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းအတက်ဘက် ရောက်နေသလို တိုက်စစ်ပိုင်းကလည်း နောက်ဆုံးငါးပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ပေါက်ပါတယ်။ ဒီပေါက်ကြေးက အဝေးကွင်း ဘရိုက်တန်အသင်း သေချာပေါက် ဂိုးရနိုင်သလို အိမ်ရှင်ချဲလ်ဆီးအသင်းကလည်း ဂိုးရဖို့ သေချာနေပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးငါးပွဲဆက် အပြန်အလှန်ဂိုးတွေနဲ့ ဂိုးပေါ်ထားတာ တွေ့ရသလို ဒီပွဲမှာလည်း အပြန်အလှန်ဂိုးတွေ မြင်ရမယ်လို့ ထင်ပါတယ်။ အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ်ကြိုက်ပါတယ်။

◾နော်တင်ဟန်ဖောရက် Vs ဆန်းဒါးလန်း
ဖောရက်အသင်းကို ပိုစတီဂလူ ကိုင်တွယ်ပြီးနောက်ပိုင်း နိုင်ပွဲလုံးဝမရထားဘဲ နှစ်ပွဲနိုင် နှစ်ပွဲရှုံးနဲ့ ပွဲတိုင်းဂိုးပေးခဲ့ရပါတယ်။ တန်းတက်ဆန်းဒါးလန်းအသင်းက ရလဒ်တွေကောင်းနေပေမဲ့ အဝေးကွင်း ကစားပုံ သိပ်မကောင်းဘူးဆိုတာ သိသိသာသာ တွေ့ထားရပါတယ်။ ဒီပွဲစဥ်မှာ ဖောရက်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ နည်းပြသစ်ကြောင့် ဖောရက်အသင်းရဲ့ တိုက်စစ်ကစားပုံတော်တော်လေး ကောင်းလာတာ တွေ့ရသလို ပေါက်ကြေးကလည်း နိုင်ကြေးလို့ ပြောလို့ရပါတယ်။ ပိုစတီဂလူအတွက် နိုင်ပွဲရဖို့ အရေးကြီးနေပြီး အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် ဖောရက်အသင်းအတွက် ပထမဆုံးနိုင်ပွဲကို ရယူနိုင်တော့မယ် ထင်ပါတယ်။ တန်းတက်လာတဲ့ ဆန်းဒါးလန်းအသင်းအနေနဲ့ကလည်း ကြေးပြန်ကျဖို့ အချိန်တန်ပြီဖြစ်တာကြောင့် ဒီပွဲမှာ ဖောရက်အသင်း နိုင်ပွဲဖော်ဆောင်သွားပါလိမ့်မယ်။
◾စပါး Vs ဝုဗ်
ငါးပွဲဆက် ရှုံးထားပြီး ခံစစ်က ဆယ့်နှစ်ဂိုးထိ ပေးထားရသလို ဇယားအောက်ဆုံးထိ ရောက်နေတဲ့ ဝုဗ်အသင်းကတော့ ဘာမှမျှော်လင့်စရာ မရှိပါဘူး။ သောမတ်ဖရန့်ရဲ့ စပါးအသင်းက ခြေစွမ်းတည်ငြိမ်နေပြီး အိမ်ကွင်းပွဲမှာတော့ ဝုဗ်လိုအသင်းကို မနိုင်စရာအကြောင်း မရှိပါဘူး။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ဘော်ဒီကြေးကို တစ်လုံးအရှုံးလောက်ထိ ပေးသင့်တာဖြစ်ပေမဲ့ တစ်လုံးသွင်းတာနဲ့ ပြားတစ်ဆယ်စားရမယ်ဆိုတာ ကြေးပျော့တဲ့အထဲမှာ ပါပါတယ်။ ငါးပွဲကစားပြီးချိန်မှာ သုံးဂိုးသာ သွင်းထားနိုင်တဲ့ ဝုဗ်တိုက်စစ်က စပါးခံစစ်ကို တစ်ဂိုးရဖို့တောင် ခက်တာကြောင့် စပါးတစ်သင်းတည်းရဲ့ သွင်းဂိုးကိုဘဲ မြင်ရမယ် ထင်ပါတယ်။ စပါးအသင်းရဲ့ ဘော်ဒီကြေးအရ စပါးအသင်းကလည်း ကပ်နိုင်သွားမယ်ဆိုတဲ့ အနေအထားကြောင့် ဂိုးအောက်ရွေးချယ်မှုက စိတ်ချရမယ် ထင်ပါတယ်။
