


၂၄. ၈. ၂၀၂၅
Written by MMAK
◾ မန်စီးတီး 0-2 စပါး
- ဂျွန်ဆင် 35′
- ပေါ်လင်ညာ 45+2′
◾ ဘုန်းမောက် 1-0 ဝုဗ်
- တာဗာနီရာ 4′
◾ ဘရန့်ဖို့ 1-0 အက်စတွန်ဗီလာ
- ကွာတာရာ 12′
◾ဘန်လေ 2-0 ဆန်းဒါးလန်း
- ကူလန် 47′
- အန်သိုနီ 88′
◾အာဆင်နယ် 5-0 လိဒ်
- တင်ဘာ 34′,56′
- ဆာကာ 45+1′
- ယိုကာရက် 48′,90+5′ (Pen)
◾ အိမ်ရှင်မန်စီးတီးအသင်းကို စပါးအသင်းက ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့ဘဲ စပါးအသင်းက အဝေးကွင်းကနေ နှစ်ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် စပါးဘော်ဒီ ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။ ဘုန်းမောက်အသင်းက ပွဲအစလေးမိနစ်မှာတင် ဂိုးစရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝုဗ်အသင်းရဲ့နောက်တန်းကစားသမား တော့တီ အထုတ်ခံရတာကြောင့် နှစ်သင်းလုံး ဂိုးထပ်မရတော့ဘဲ ဘုန်းမောက်အသင်းက ကျဥ်းမြောင်းတဲ့ရလဒ်နဲ့ ကပ်နိုင်ခဲ့တာကြောင့် ဘုန်းမောက်ဘော်ဒီရွေးချယ်မှုလည်း မှန်ကန်ခဲ့ပါတယ်။

ဘန်လေအသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ပွဲစဥ်မှာ ပထမပိုင်း ဂိုးမရှိသရေဖြစ်နေခဲ့ပေမဲ့ အိမ်ရှင်ဘန်လေအသင်းက ဒုတိယပိုင်းအစမှာ တစ်ဂိုးရခဲ့ပြီး ပွဲပြီးကာနီးမှာ နောက်တစ်ဂိုးထပ်ရခဲ့တာကြောင့် နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး ဂိုးအောက်ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။ ဘရန့်ဖို့အသင်းကလည်း အမ်မရီရဲ့ ဗီလာအသင်းကို ပထမပိုင်းမှာရရှိခဲ့တဲ့ဂိုးနဲ့ ကပ်နိုင်ခဲ့တာကြောင့် ဘရန့်ဖို့ဘော်ဒီ ရွေးချယ်မှုလည်း မှန်ကန်ခဲ့ပါတယ်။
လိဒ်အသင်းက အိမ်ရှင်အာဆင်နယ်အသင်းကို ယှဥ်ကစားခဲ့တာကြောင့် အာဆင်နယ်အသင်းအကြိုက်ဖြစ်သွားပြီး ငါးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားတာကြောင့် ဂိုးအောက်ရွေးချယ်မှု မှားခဲ့ပါတယ်။

◾ စနေညမှာ ငါးပွဲရွေးချယ်ပေးခဲ့ရာမှာ လေးပွဲအနိုင်ရခဲ့ပြီး တစ်ပွဲရှုံးခဲ့ပါတယ်။ တနင်္ဂနွေညမှာလည်း ဖူဟမ်နဲ့ မန်ယူ၊ ပဲလေ့စ်နဲ့ ဖောရက်တို့ရဲ ပွဲစဥ်တွေနဲ့ အခြားသော ဥရောပပွဲစဥ်တွေကို ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှူနိုင်ပါတယ်။
