◾ ရုပ်ပုံများအရ ထွန်းမြတ်နိုင်ရောက်ရှိနေသည်မှာ မင်းပြားက ကျောက်ခုတ်ရွာဖြစ်ဖွယ်ရှိနေ
နေမိုး
၂၃. ၈. ၂၀၂၅

ရခိုင်လက်နက်ကိုင်(AA)ရဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်ဟာ AA စိုးမိုးနယ်မြေတွေကို ဆင်းပြီး ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့တယ်လို့ ရခိုင်အခြေစိုက် Lay Waddy FM က ဒီနေ့ ဖော်ပြခဲ့ပေမယ့် ပြန်ဖျက်သွားခဲ့ပါတယ်။
Lay Waddy FM က ဖော်ပြခဲ့တဲ့ ထွန်းမြတ်နိုင်တွေ့သူရခိုင်ပြည်သူလူထုဆိုတာဟာ ကလေး အယောက် ၂၀ ဝန်းကျင်၊ လူငယ်အမျိုးသားတစ်ယောက်နဲ့ သက်ကြီးပိုင်းတွေပါတဲ့ အမျိုးသမီး အယောက် ၂၀ လောက်သာရှိသလို နောက်ခံပုံရိပ်မှာလည်း ကျောက်ခုတ်ဆိုတဲ့စာတန်းနဲ့ လမ်းနာမည်ပေါ်နေတာကြောင့် ထွန်းမြတ်နိုင်ရောက်နေတာဟာ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ သာယာကုန်းရွာအုပ်စုက ကျောက်ခုတ်ရွာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။


ဒီလို ထွန်းမြတ်နိုင်ရောက်နေတဲ့နေရာကို ခန့်မှန်းနိုင်တဲ့ပုံတွေ Lay Waddy FM က ဖော်ပြအပြီး ထွန်းမြတ်နိုင်ရဲ့ ဇနီးဆိုသူ Mrat Shaun အကောင့်သုံးစွဲသူက “အင်တန်ချေ အလိမ္မာနည်းရေကာ လေးဝတီလေး”လို့ မှတ်ချက်ပြုခဲ့သလို ULA/AA မထုတ်ပြန်တဲ့ပုံတွေ မတင်ကြဖို့ ပို့စ်ကို Share ခဲ့တာကြောင့် Lay Waddy FM က ထွန်းမြတ်နိုင်ပုံတွေ ပြန်ဖြုတ်သွားခဲ့ကာ ထွန်းမြတ်နိုင်ကိုယ်တိုင် ဆင်းလာတွေ့တာကို မိန်းမနဲ့ကလေး ၄၀ လောက်ပဲရှိလို့ “ရခိုင်လူငယ်တွေက စစ်ပွဲမှာကုန်ပြီ။ ဒီတစ်ခါ မိန်းမတွေနဲ့ ကလေးတွေအလှည့်” လို့လှောင်ပြောင်နေကြတာလည်း တွေ့ရပါတယ်။





