
၂၃. ၈.၂၀၂၅
Written by MMAK
◾ မန်စီးတီး Vs စပါး
အဖွင့်ပွဲစဥ်တွေမှာ နှစ်သင်းလုံး ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့ကြပြီး ပေးဂိုးမရှိခဲ့တာချင်း အတူတူဖြစ်ပေမဲ့ စပါးအသင်းရဲ့ ခြေစွမ်းကို ပိုကြိုက်ပါတယ်။ အရင်ရာသီမှာ စပါးအသင်းရဲ့ ခံစစ်ဆိုးရွားမှုဟာ အဓိကပြဿနာဖြစ်နေတာကို ကောင်းကောင်းသိနေတဲ့ နည်းပြသစ် သောမတ်ဖရန့်စ်က ခံစစ်ကို လုံခြုံအောင် ကစားတတ်ပြီး တိုက်စစ်ကစားတာလည်း ပိုကောင်းလာပါတယ်။ ပထမပွဲမှာ မန်စီးတီးဂိုးပြတ်နိုင်ခဲ့တယ်ဆိုပေမဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ယူဆထားပြီး ဒီဘရိုင်းထွက်ခွာသွားမှု၊ ရိုဒရီနဲ့ ဖိုဒန်တို့ မကစားနိုင်တဲ့ ဒီပွဲမှာ မန်စီးတီးအသင်းရဲ လိုအပ်ချက်တွေကို ကောင်းကောင်းကြီး မြင်ရမယ်လို့ ထင်ပါတယ်။ အရင်ရာသီတွေမှာ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက တစ်လုံးငါးဆယ်အရှုံးနဲ့အထက်ကို ပေးခဲ့ပေမဲ့ ဒီပွဲမှာ ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးသာ ပေးထားနိုင်ပါတယ်။ ဒီဘော်ဒီကြေးက မန်စီးတီးအသင်း အနိုင်ရခဲ့ရင်တောင် ကပ်နိုင်သွားနိုင်ပြီး ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။ တစ်ဂိုးနဲ့ရှုံးရင်တောင် ပြားနှစ်ဆယ်အနိုင်ရဦးမှာဖြစ်ပြီး သရေဖြစ်သွားနိုင်တဲ့ ပေါက်ကြေးမျိုးလည်း ဖြစ်တာကြောင့် အောက်အသင်းဖြစ်တဲ့ စပါးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဘုန်းမောက် Vs ဝုဗ်
ဝုဗ်အသင်းက အဓိကကစားသမား သုံးယောက်လောက်ကို ထုတ်ရောင်းထားပေမဲ့ ကစားသမားကောင်းတွေကို ခေါ်ယူမှု မပြုလုပ်ထားဘဲ လူငယ်ကစားသမားသုံးယောက်နဲ့ တိုက်စစ်ကစားသမားတစ်ယောက်ကိုသာ ခေါ်ထားပါတယ်။ ဒီလူစာရင်းအတိုင်းသာဆိုရင် ဝုဗ်အသင်းဟာ အရင်နှစ်ကလိုပဲ တန်းဆင်းဇုန်ရုန်းကန်ရနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်။ နှစ်သင်းလုံးက ပထမပွဲမှာ ဂိုးပြတ်ရှုံးခဲ့တာချင်း တူပေမဲ့ လီဗာပူးအသင်းကို ကောင်းကောင်းယှဥ်ကစားနိုင်ခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းက ပိုကောင်းခဲ့ပါတယ်။ နှစ်သင်းလုံးက ပထမပွဲစဥ်မှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရလဒ်ကို ဦးတည်ကစားနိုင်ပါတယ်။ ဘုန်းမောက်အသင်းက ကစားပုံနဲ့ ကစားသမားအင်အားမှာ အသာရနေပြီး အိမ်ကွင်းလည်း ဖြစ်တာကြောင့် ဝုဗ်အသင်းသာ တိုက်စစ်ယှဥ်ကစားလာရင် ဘုန်းမောက်အသင်းရဲ့ စိတ်ကြိုက်ဖြစ်သွားပါလိမ့်မယ်။ လက်ရှိအချိန်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး တစ်လုံးခုနစ်ဆယ်စားပေးထားတယ်ဆိုပေမဲ့ ပွဲချိန်နီးကပ်လာရင် ကြေးတက်လာနိုင်ပြီး အနိုင်ရလဒ်ရယူသွားနိုင်တဲ့ ပေါက်ကြေးမျိုးအထိ တွေ့ရနိုင်တာကြောင့် အိမ်ရှင်ဘုန်းမောက်အသင်းကို ကြိုက်ပါတယ်။

◾ ဘရန့်ဖို့ Vs အက်စတွန်ဗီလာ
ဘရန့်ဖို့အသင်းရဲ့ နည်းပြချုပ် သောမတ်ဖရန့်က စပါးအသင်းကို ပြောင်းရွှေ့သွားတာကြောင့် လက်ထောက်နည်းပြ ကိတ်အန်ဒရူးကို နည်းပြချုပ်အဖြစ် ခန့်အပ်ထားခဲ့ပါတယ်။ ပထမပွဲမှာ ဖောရက်အသင်းကို ဂိုးပြတ်ရှုံးခဲ့ပြီး အမ်ဘူမိုနဲ့နော့ဂတ်တို့ကို ထုတ်ရောင်းထားသလို တိုက်စစ်ကစားသမား ဝီဆာမပါနိုင်တဲ့ ဘရန့်ဖို့အသင်းက အားနည်းချက်တွေ ရှိနေပါတယ်။ သို့ပေမဲ့ ဗီလာအသင်းရဲ့ ပြားသုံးဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက နိုင်ကြေးမဟုတ်တာကြောင့် ဘရန်ဖို့ကွင်းမှာ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ဘရန့်ဖို့အသင်းက အဝေးကွင်းညံ့တဲ့အတွက် အိမ်ကွင်းအားကို အသုံးပြုပြီး အမှတ်ရှာဖွေတတ်တဲ့ အသင်းမျိုးဖြစ်တာကြောင့် အခုကစားမဲ့ အိမ်ကွင်းပွဲမှာ ဘရန့်ဖို့အသင်းရဲ့ ရုန်းအားကို စောင့်ကြည့်ချင်ပါတယ်။ နောက်တစ်ချက်က ဗီလာအသင်းကို ထိုးသားတွေ များနေတာကြောင့် ဘွတ်ကီဘက်မှာ အိမ်ရှင်ဘရန့်ဖို့ ရှိနေပါတယ်။ ဒီအချက်ကြောင့် ဘရန့်ဖို့အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး သရေကျရင်ကျ သရေမကျရင် နိုင်ရင်တောင် နိုင်သွားမယ်လို့ ထင်ပါတယ်။ အိမ်ရှင်ဘရန့်ဖို့အသင်း သရေနဲ့အနိုင်ရလဒ် တစ်ခုခုကို ရယူသွားနိုင်ပြီး သရေကျရင်တောင် ပြားသုံးဆယ်အနိုင်ရမှာဖြစ်တာကြောင့် အိမ်ရှင်ဘရန်ဖို့အသင်းကို ကြိုက်ပါတယ်။
◾ ဘန်လေ Vs ဆန်းဒါးလန်း
တန်းတက်နှစ်သင်း ထိပ်တိုက်တွေ့ကြတာဖြစ်ပြီး ပထမပွဲမှာ ဘန်လေက စပါးကို သုံးဂိုးပြတ်ရှုံးခဲ့ပြီး ဆန်ဒါးလန်းအသင်းက ဝက်စ်ဟမ်းအသင်းကို သုံးဂိုးပြတ်နိုင်ခဲ့ပါတယ်။ ဘန်လေအသင်းထက် ဆန်းဒါလန်းအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေကို ပိုသဘောကျပြီး ကွင်းလယ်နဲ့နောက်တန်းက အရည်အသွေးရှိတဲ့ ကစားသမားတွေ များပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘန်လေက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဂိုးပေါင်းကြေးက ပရီးမီးယားလိဂ်မှာ တော်တော်လေးမြင်ရခဲတဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတွေမြင်ရနိုင်ဖို့ ခက်ခဲတဲ့ ပေါက်ကြေးမျိုးဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ ထိပ်တိုက်တွေ့တုန်းကလည်း နောက်ဆုံးသုံးပွဲမှာ တစ်ဂိုးသာ မြင်ခဲ့ရပါတယ်။ ဆန်ဒါးလန်းအသင်းရဲ့ ကွင်းလယ်နဲ့နောက်တန်းကို ပိုသဘောကျတာကြောင့် ဘန်လေအသင်းဂိုးရဖို့ခက်ခဲနိုင်ပြီး ဂိုးရခဲ့ရင်လည်း တစ်ဂိုးထက်မပိုပါဘူး။ ဦးဆောင်ဂိုးရတဲ့အသင်းက ခံစစ်ပိတ်ကစားပြီး အနိုင်ရလဒ်ကို ထိန်းသွားနိုင်သလို ဒီပွဲက နှစ်ဂိုးထပ်ပိုပြီး မမြင်ရနိုင်ပါဘူး။ကွင်းလယ်မှာတင် ဘောလုံးအပျက်များနေနိုင်ပြီး မိနစ်ကိုးဆယ်အတွင်းမှာ ဂိုးမရှိသရေတောင် ဖြစ်သွားနိုင်တာကြောင့် ဂိုးအောက်ကြိုက်ပါတယ်။

◾အာဆင်နယ် Vs လိဒ်
ပထမပွဲစဥ်မှာ အာဆင်နယ်အသင်းရော လိဒ်အသင်းပါ ကျဥ်းမြောင်းတဲ့ရလဒ်တွေနဲ့ အနိုင်ရခဲ့ကြပါတယ်။ အာဆင်နယ်အသင်းရဲ့ခံစစ်က အရင်နှစ်ကလို ကောင်းနေဆဲဖြစ်ပြီး လိဒ်အသင်းအနေနဲ့ တစ်ဂိုးရဖို့တောင် ခက်ပါတယ်။ အာဆင်နယ်အသင်းကလည်း အနိုင်တစ်ဂိုးရရင် နောက်တစ်ဂိုးရဖို့ထက် ဂိုးမပေးရအောင် အာရုံစိုက်တတ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက နှစ်လုံးခြောက်ဆယ်စားကနေ လက်ရှိအချိန်မှာ တစ်လုံးရှစ်ဆယ်အရှုံးထိ ကျလာခဲ့သလို ဂိုးပေါင်းကြေးကလည်း သုံးလုံးသရေကနေ သုံးလုံးနှစ်ဆယ်စား ဖြစ်လာပါတယ်။ ပထမပွဲမှာ အနိုင်ရထားတဲ့ လိဒ်အသင်းအနေနဲ့ အာဆင်နယ်ကွင်းမှာ သရေတစ်မှတ်ရအောင် ခံစစ်ပိတ်ကစားလာနိုင်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဂိုးရဖို့ ခက်ခဲနိုင်ပါတယ်။ နောက်တစ်ချက်က လိဒ်အသင်းကလည်း ဘောလုံးကိုင်ကစားတတ်တာကြောင့် တစ်သင်းနဲ့တစ်သင်း ဘောလုံးကိုင်ထားပြီး အချိန်ကုန်သွားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အပြန်အလှန်သွင်းဂိုးတွေ မမြင်ရနိုင်သလို လေးဂိုးလောက်ထိ မရောက်နိုင်ဘဲ အများဆုံးတွေ့ရရင် သုံးဂိုးလောက်ပဲ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကိုဘဲ ရွေးချယ်ပေးချင်ပါတယ်။
