
၂၃.၈.၂၀၂၅
Written By Thandar
Hey Play Application က ထုတ်လွှင့်ပြသမယ့် Crime Drama ဇာတ်လမ်းပုံစံ “ပျောက်ဆုံးခြင်း၏ နောက်ကွယ်” ဇာတ်လမ်းတွဲကို မှုခင်းတကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
“ဒီဇာတ်လမ်းလေးက ကိုထွန်းထွန်းက မနှစ်က ဖြစ်ရပ်မှန်အပိုင်းအစလေးတစ်ခုကို ယူလာပေးတယ်။ အဲဒါလေး ပြန်ရိုက်ကြရအောင်ဆိုတော့ ပရိသတ်ကိုပေးချင်တဲ့အကြောင်းအရာလေးကလည်း လှတယ်ဆိုတော့ ဇာတ်လမ်းပြန်လုပ်ဖြစ်ခဲ့တယ်။ ဒီကားက တကယ့်ကိုအမှတ်တရများတဲ့ ဇာတ်ကားမှာ အကုန်လုံးလည်း ပင်ပန်းကြတယ်။ ဆိုင်ကယ်နဲ့ဆင်းန်တွေ ရိုက်ချိန်မှာ မတော်တဆဖြစ်ကြတယ်။ စနိုးကြည်ဖြူနဲ့ ကျွန်တော်တို့က မတော်တဆခြေထောက်ဒဏ်ရာခဲ့တယ်။သရုပ်ဆောင်အသစ်တွေကလည်း တော်ကြပါတယ်။ မကြာခင်ပြသမှာမို့ ကြည့်ရှုအားပေးကြဦးလို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက Location တွေ Casting ပိုင်းတွေ၊ မိတ်ကပ်စတာတွေကို သေချာပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ခြူးလေး၊ စနိုးကြည်ဖြူ၊ နေထွဋ်မင်းခေါင်၊ စူးရှ၊ ပေါက်စီ စတဲ့သူတွေနဲ့ ယခု ၂၀၂၅ ခုနှစ်က ရိုက်ကူးပုံဖော်ခဲ့တယ်လို့ ဆိုပါတယ်။


အပိုင်း ၁၀ ပိုင်းစာပါဝင်မယ့် “ပျောက်ဆုံးခြင်း၏ နောက်ကွယ်” ဇာတ်လမ်းတွဲက စက်တင်ဘာလက စတင်ပြီး HEY Play Application နဲ့ Channel 7 ရုပ်သံလိုင်းတို့က ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
