၈ . ၈. ၂၀၂၅
Written by Thettant

ဒီနေ့ည ယှဥ်ပြိုင်တဲ့ One Friday Fights 119 မှာ မြန်မာဖိုက်တာ စိန်လုံးချောနဲ့ ထိုင်းဖိုက်တာ ဆနစ်၊ ခေါင်ပွဲမှာ မြန်မာကိုယ်စားပြုဖိုက်တာ ဆွန်ရက်နဲ့ မိုးထက်အောင်ကို အနိုင်ယူထားတဲ့ လိပ်နင်ဂျာ ဆမင်ဒန်တို့ ဆုံရာမှာ စိန်လုံးချော အလဲထိုးနဲ့ ရှုံးသွားပြီး ဆွန်ရက်ကလည်း ခေါင်ပွဲမှာ ဆမင်းဒန်ကို ဒိုင်အားလုံးဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်သွားပါတယ်။

စိန်လုံးချောနဲ့ ရင်ဆိုင်ရတဲ့ ဆနစ်ဟာ သွေးသစ်ဝင်းလှိုင် ရင်ဆိုင်ရတဲ့ ခွန်ဆုတ်လိုမျိုး မွေထိုင်းလက်ဝှေ့နည်းပြလုပ်နေရင်းဝင်ထိုးတာပါ။ ဆနစ်ဟာ စိန်လုံးချောကို ကောင်းကောင်းလေ့လားထားပုံရပြီး Highkick တွေချည်းထုတ်သုံးသွားတာ ငုံ့ခံနေခဲ့ရတာပါ။ ဒုတိယအချီ တစ်မိနစ်အကျော်မှာတော့ စိန်လုံးချော ဘယ်ဝိုက်ထိသွားပြီး အလဲမှာ မေးဖျားကို ဘယ်ခြေကန်ချက်ပါ ဆင့်ထိလို့ နှစ်ချက်ဆင့်မိပြီး အလဲထိုးနဲ့ရှုံးသွားသလို ဆနစ်ကလည်း ဘတ် ၃၅၀၀၀၀ ဆုယူသွားပါတယ်။ ပထမပွဲမှာ ရှုံးထားတဲ့ စိန်လုံးချော One ကို ဆက်ထိုးဖို့ အဆင့်မီတဲ့အနေအထားရောက်မလာဘဲ ဖွဲအိတ်လို အကန်ခံသွားတာကို မြင်ခဲ့ရတာလည်း ရိုးရာချစ်ပရိသတ်တွေ ရင်နာစရာပါပဲ။

ဆွန်ရက်နဲ့ ဆမင်ဒန်တို့ပွဲမှာ ခေါင်ပွဲဖြစ်တာရယ် လိပ်နင်ဂျာက အရမ်းမာတာရယ်ကြောင့် ဆွန်ရက်က သတိအပြည့်နဲ့ ချည်းကပ်တာ တွေ့ရသလို ပြိုင်ဘက်ကို လေးလေးစားစားထိုးသတ်သွားတာမြင်ရပြီး ပထမအချီမှာ ထိုးသတ်ပုံက အေးပေမဲ့ အမှတ်အရဆို ဆမင်းဒန် အနိုင်ပေးနိုင်တဲ့ အခြေအနေပါ။
ဒုတိယအချီအစမှာ ဆွန်ရက်တိုက်စစ်ဖွင့်ချိန် အရှိန်လွန် လဲကျရာမှာ ဆမင်းဒန်ကန်ဖို့လုပ်တာ ဒိုင်အတားဦးလို့သာ မတော်ချီမထိဘဲ ကံကောင်းခဲ့ရတာပါ။ ဒီနေ့ပွဲမှာ ဆမင်းဒန်ရဲ့ကြံ့ခိုင်မှုက ဆွန်ရက်ကို တော်တော်ဒုက္ခပေးခဲ့ပြီး လက်သီးသာပေမဲ့ ထိချက်မမှန်တာနဲ့ ဆိုင်ကစ်ရင် ခဏခဏ လဲကျနေတာ တော်တော်ဆိုးခဲ့တာပါ။ ဒုတိယအချီလည်း ဆမင်းဒန်သာနိုင်တဲ့ထိုးသတ်ပုံပါပဲ။
တတိယအချီအစမှာ ဆိုင်ကစ်ကြရင်း ဆွန်ရက်ရဲ့ မတော်ရာကို ဆမင်းဒန်ကန်လိုက်တာလည်းမြင်ရပြီး ဒီကန်ချက်နောက် ဆွန်ရက် ဒူးတိုက်ချက် ဆမင်းဒန် ဗိုက်နေရာ ဝင်သွားပေမယ့် အားပျော့သွားခဲ့ပါတယ်။ ပြန်တည်ချိန်မှာလည်း ဆိုင်ထိုး ပြိုင်ထိုးပြီး ပွဲဆူခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမှတ်စဥ်ရေခံရအောင်၊ လဲကျအောင် မထိုးနိုင်ကြပြန်ပါဘူး။ ပွဲပြီးကာနီးမှာ ဆွန်ရက်က ဆမင်းဒန်ကို ချုပ်ဒူးတွေနဲ့ အပိုင်တိုက်ခွင့်ရတာ အားရစရာပေမဲ့ One ခေါင်ပွဲမှာ ထိုင်းပြိုင်ဘက်ကို အလဲမထိုးနိုင်ဘဲ နိမ့်ခဲ့တဲ့ မြန်မာကိုယ်စားပြု ဆွန်ရက်ကို One က Unanimous Decision နဲ့ အရှုံးပေးလိုက်ပါတော့တယ်။
ပိုပြီး ရင်နာစရာကောင်းတာကလည်း One Friday Fights 119 မှာ မြန်မာဖိုက်တာနှစ်ယောက်စလုံးရှုံးတဲ့အပြင် ပွဲအပြီးမှာ ဆနစ်နဲ့ စိန်လုံးချောပွဲကို Fight of The Night ပေးပြီး စိန်လုံးချော အလဲထိုးနဲ့ရှုံးတာ ပြန်ပြသွားခဲ့တာကိုပါ။
