
၉.၈.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်မှာ တွေ့ဆုံသွားမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ်လ ၈ ရက်မှာပြောကြားခဲ့ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ပ်က သူနဲ့ပူတင်တို့ဟာ နောက်တစ်ပတ် သောကြာနေ့ (သြဂုတ်လ ၁၅ ရက်) မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ရုရှားအစိုးရကတော့ အသေးစိတ်အချက်အလက်တွေကို အတည်ပြုပြောကြားခြင်းမရှိသေးပါဘူး။
ဒီတွေ့ဆုံမှုက အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ ပူတင်တို့ ၂၀၂၁ ခုနှစ်က ဂျီနီဗာမှာတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးတဲ့နောက်ပိုင်း ပထမဆုံးသော အမေရိကန်နဲ့ရုရှား ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်လာမှာပါ။
ရုရှားနဲ့ယူကရိန်းတို့အကြား အခြေအနေတွေက.စစ်ပွဲပြီးဆုံးဖို့ အလှမ်းဝေးနေသေးတယ်လို့ဆိုရမှာ ဖြစ်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲမယ်လို့ အာမခံချက်မရှိပေမယ့် ဒီထိပ်သီးဆွေးနွေးပွဲက သမ္မတထရမ့်ပ်ရဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ ကြိုးပမ်းမှုမှာ အောင်မြင်မှုအဆင့်တစ်ရပ်လို့ ဆိုရမှာပါ။
ရုရှားနဲ့ယူကရိန်းတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ကြားဝင်စေ့စပ်ညှိနှိုင်းနေရာမှာ သမ္မတထရမ့်ပ်က “ပြဿနာကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းမှုတစ်ရပ်တော့လုပ်နိုင်ပြီ” လို့ ပြောရင်း အပြုသဘောဆောင်တဲ့အကောင်းမြင်မှုကိုဖော်ပြခဲ့ပါတယ်။
Ref- AP
