
၁၂. ၂.၂၀၂၅
Written by MMAK
◾ အဲဗာတန် Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲကျန်တစ်ပွဲဖြစ်သလို မာဆေးဆိုက်ဒါဘီပွဲလည်း ဖြစ်ပါတယ် ။ ဒါဘီပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသလို လီဗာပူးအသင်းဘယ်လောက်ကောင်းနေနေ ခက်ခက်ခဲခဲကစားရလေ့ရှိပါတယ် ။ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာဆိုရင် အသာရလေ့ရှိပေမဲ့ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးတွေ့ဆုံမှု ဆယ်ကြိမ်မှာ တစ်ကြိမ်သာ လီဗာပူးအသင်း အနိုင်ရထားပါတယ် ။ ဒီပွဲမှာ အဝေးကွင်းလီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ် ။ အဲဗာတန်အသင်းကို ဒေးဗစ်မိုယက် ကိုင်တွယ်လိုက်ချိန်မှာ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းမှာ သိသိသာသာ ကောင်းလာတာကို တွေ့ရပြီး အထူးသဖြင့် အဲဗာတန်အသင်းရဲ့ အိမ်ကွင်းက အသင်းကြီးတွေ ခက်ခဲစွာ ကစားရတတ်ပါတယ် ။ ဒီပွဲမှာ လီဗာပူးအသင်း နိုင်ခဲ့ရင် တစ်ဂိုးထပ် မပိုနိုင်သလို သရေကျသွားတာမျိုးတောင် ဖြစ်နိုင်ပါတယ် ။ ဒီအတွက်ကြောင့် တစ်ဂိုးနဲ့ရှုံးရင်တောင် ပြားသုံးဆယ်အနိုင်ရဦးမဲ့ အိမ်ရှင်အဲဗာတန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
◾ဆဲလ်တစ် Vs ဘိုင်ယန်မြူးနစ်
စကော့တလန်ကလပ် ဆဲလ်တစ်အသင်းက ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်းသုံးဆယ်ကျော်ကစားပြီးချိန်မှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိထားသလို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး နည်းပြဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေတာ ဖြစ်ပါတယ် ။ ဘိုင်ယန်အသင်းက ဘွန်ဒက်လီဂါမှာသာ ခြေစွာနေပေမဲ့ ချန်ပီယံလိဂ်မှာ သိပ်မကောင်းပါဘူး ။ ဖီယင်နုကို ဂိုးပြတ်ရှုံးခဲ့သလို ဗီလာအသင်းကိုလည်း ရှုံးနိမ့်ခဲ့တာမျိုး တွေ့ရတာကြောင့် ဘိုင်ယန်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက ယုံကြည်ဖို့ရာ ခက်ခဲပါတယ် ။ နှစ်ကျော့ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲမှာ ဆဲလ်တစ်အသင်းအနေနဲ့ အနိုင်မရရင်တောင် အနိမ့်ဆုံး သရေလောက် ကစားထားဖို့လိုပါတယ် ။ သို့ပေမဲ့ ဆဲလ်တစ်အသင်းက အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်တယ်လို့ ယူဆထားပြီး ဂိုးရအောင် သွင်းယူနိုင်မယ်လို့ ထင်ပါတယ် ။ ဒီပွဲမှာ ဘိုင်ယန်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်ဆဲလ်တစ်အသင်း သေချာပေါက် ဂိုးရနိုင်သလို တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ် ထင်ပါတယ် ။ ဘိုင်ယန်အသင်းအနေနဲ့ကလည်း သရေရလဒ်ရခဲ့ရင်တောင် သူတို့အိမ်ကွင်းပွဲမှာ အနိုင်ရအောင် ကစားနိုင်တဲ့အတွက် သရေကျရင်တောင် တန်ပါတယ် ။ ဒီပွဲမှာ အဝေးကွင်းဘိုင်ယန်အသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးထပ်မပိုဘူးလို့ ယူဆထားတဲ့အတွက် အိမ်ရှင်ဆဲလ်တစ်ဘော်ဒီကို ရွေးချယ်သင့်ပါတယ် ။





◾ကလပ်ဘရု Vs အတ္တလန်တာ
ကလပ်ဘရုအသင်းက ချန်ပီယံလိဂ်မှာ အဆိပ်ရှိတဲ့အသင်းတစ်သင်းဆိုတာ ရှေ့ကပွဲတွေမှာ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ် ။ သူတို့အိမ်ကွင်းမှာ ဗီလာနဲ့ စပို့တင်းအသင်းတို့ကို အနိုင်ယူထားသလို ဂျူဗင်တပ်အသင်းကို သရေကစားနိုင်ခဲ့ပါတယ် ။ နှစ်ကျော့ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲက ကလပ်ဘရုအသင်းအတွက် အနိုင်ရအောင်ကစားလာနိုင်တဲ့ ပွဲစဥ်တစ်ပွဲဖြစ်ပါတယ် ။ ဘော်ဒီကြေး ပြားသုံးဆယ်သာ ပေးထားနိုင်တဲ့ အတ္တလန်တာအသင်းရဲ့ ပေါက်ကြေးက နိုင်ကြေးမဟုတ်သလို အများဆုံးရခဲ့ရင် သရေပဲလို့ ထင်ပါတယ် ။ အဝေးကွင်း အတ္တလန်တာအသင်းအနေနဲ့ သရေကျခဲ့တောင် သူတို့အိမ်ကွင်းပွဲမှာ အနိုင်ရအောင် ပြန်ကစားလို့ရတာကြောင့် သရေကျရင်တောင် တန်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်ကလပ်ဘရုအသင်းကတောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားတာမျိုး ဖြစ်လာနိုင်သလို တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ဒီအတွက်ကြောင့် သရေကျရင် ပြားသုံးဆယ်အနိုင်ရမဲ့ အိမ်ရှင်ကလပ်ဘရုအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ် ။
◾ဖီယင်နု Vs အေစီမီလန်
နယ်သာလန်ကလပ် ဖီယင်နုက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဓိကတိုက်စစ်မှူး ဂျင်မီနက်ကို အေစီမီလန်အသင်းဆီ ထုတ်ရောင်းခဲ့သလို နည်းပြကိုလည်း ထုတ်ပယ်ခဲ့တာကြောင့် ဖီယင်နု U-19 နည်းပြက ဒီပွဲကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ် ။ အေစီမီလန်တိုက်စစ်မှူး ဂျင်မီနက်ကတော့ အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံသွားမှာ ဖြစ်သလို ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အေစီမီလန်အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေက အရမ်းကောင်းခဲ့ပါတယ် ။ ဂျင်မီနက် ၊ ဂျာအိုဖီးလစ်နဲ့ ဝေါ်ကာတို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့သလို ဖီယင်နုအသင်းထက် အေစီမီလန်အသင်းက တစ်ဆင့်ပိုမြင့်ပါတယ် ။ ဒီပွဲမှာ အေစီမီလန်အသင်းက ဘော်ဒီကြေး ပြားခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စား ဖြစ်ပါတယ် ။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ မြင့်တက်လာတာတွေ့ရပြီး အေစီမီလန်အသင်းက တိုက်စစ်အသားပေးကစားတတ်တာကြောင့် ဂိုးရနိုင်သလို အိမ်ရှင်ဖီယင်နုအသင်းကလည်း အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်တာကြောင့် တိုက်စစ်ဖွင့်ကစားလာနိုင်ပါတယ် ။ နှစ်သင်းလုံး ဂိုးရသွားနိုင်တဲ့ အနေအထားဖြစ်ပြီး နှစ်ကျော့ကစားရမှာ ဖြစ်တာကြောင့် အဝေးကွင်းကစားရမဲ့ အေစီမီလန်ဘော်ဒီထက် ဂိုးပေါ်ရွေးချယ်မှုက ပိုကောင်းမယ်လို့ ထင်ပါတယ် ။ အေစီမီလန်အသင်းက တစ်ဂိုးစရလိုက်တာနဲ့ ဂိုးပေါ်ဖို့ ရာခိုင်နှုန်းများတဲ့အတွက်ကြောင့် အခုပွဲစဥ်မှာ ဂိုးပေါ်တစ်မျိုးတည်းကိုဘဲ ရွေးချယ်ပေးချင်ပါတယ် ။
◾မိုနာကို Vs ဘင်ဖီကာ
အိမ်ရှင်မိုနာကိုအသင်းအနေနဲ့ အခုပွဲမှာ ပေးထားတဲ့ ပြားသုံးဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက အနိုင်ရနိုင်တဲ့ ပေါက်ကြေးမဟုတ်ပါဘူး ။ သို့ပေမဲ့ ဂိုးပေါင်းကြေးကတော့ သုံးလုံးနှစ်ဆယ်စားဆိုပြီး ပြင်းရှနေပါတယ် ။ ဘင်ဖီကာအသင်းက အဝေးကွင်းပွဲမှာ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားလာနိုင်တာကြောင့် ဒီပွဲက ဂိုးတွေ အများကြီး သွင်းနိုင်မှာမဟုတ်သလို မိုနာကိုအသင်းရဲ့ ဘော်ဒီကြေးကလည်း အရမ်းပျော့နေကြောင့် နိုင်ကြေးမဟုတ်ဘူးဆိုရင် ဂိုးတွေအများကြီး သွင်းနိုင်ဖို့မလွယ်ပါဘူး ။ ဘင်ဖီကာအသင်းက ခံစစ်ပိတ်ကစားပြီး အိမ်ကွင်းပွဲမှ အားထည့်ကစားလာနိုင်တာကြောင့် အခုပွဲစဥ်ရဲ့ ဂိုးပေါင်းကြေးက ဂိုးပေါ်မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် ။ မိုနာကိုတိုက်စစ်မှူးတွေဖြစ်တဲ့ အမ်ဘိုလိုနဲ့ ဘိုလိုဂန်တို့မပါနိုင်တာကြောင့် ကြေးပျော့နေတာ ဖြစ်နိုင်သလို အဓိကတိုက်စစ်မှူးတွေ မပါနိုင်တဲ့ မိုနာကိုတိုက်စစ်က ဂိုးတွေအများကြီး သွင်းနိုင်မယ်မထင်ပါဘူး ။ ဒီပွဲက အများဆုံးတွေ့ရရင် သုံးဂိုးလောက်သာ ဖြစ်နိုင်တာကြောင့် လေးဂိုးမြင်ရဖို့ဆိုတာ မလွယ်ဘူးလို့ထင်ပါတယ် ။ လေးဂိုးမရောက်နိုင်ဘူးလို့ ယူဆထားတဲ့အတွက်ကြောင့် ပြားနှစ်ဆယ်ရင်းပြီး ဂိုးအောက်ကစားသင့်ပါတယ် ။