၄ . ၁. ၂၀၂၃
Written By Thandar

မောင်လေးစား တေးသီချင်းနဲ့ ပရိသတ်အားပေးမူအခိုင်အမာရလာတဲ့ တေးသံရှင် လှယမင်းအိမ်ကတော့ အဆိုတော်သားသားနဲ့ ခေတ်ဟောင်းတေးသီချင်းကို ပြန်လည်ဆန်းသစ်သီဆိုဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

“တေးရေးတေးဆို သားသားနဲ့ ခေတ်ဟောင်းတေး သီချင်းကို ပြန်လည်ဆန်းသစ်ပြီးတော့ သီဆိုဖို့ စီစဥ်နေတယ်။ ညီမရဲ့ သီချင်းတွေ တော်တော်များများက ကိုသားပဲ အသံသွင်းလည်းလုပ်ပေးတယ်။ Mixing ပိုင်းတွေ Mastering အပိုင်းတွေ အားလုံးကို ကိုသားပဲလုပ်ပေးတာပါ။ တောက်လျှောက်ကိုသားရဲ့ ဖန်တီးမှုနဲ့ ညီမသီချင်းတွေ အများကြီး ထွက်လာဖို့ရှိပါတယ်။ မြန်မာပြည်ပြန်လာတဲ့အချိန်မှာ သီချင်းတွေ အများကြီးလုပ်ဖို့ စီစဥ်နေပါတယ် “လို့ လှယမင်းအိမ်က ပြောပါတယ်။

အဆိုတော် သားသားနဲ့ သီဆိုထားတဲ့ Over တေးသီချင်းလည်း လက်ရှိ ပရိသတ်အားပေးမှုရှိခဲ့နေတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတယ်လို့ သိရပါတယ်။

လှယမင်းအိမ်ကတော့ မြန်မာပြည်ပြန်လာတဲ့ အချိန်မှာ ဂီတပိုင်းနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး ဖန်တီးနေတာဖြစ်ပြီး တစ်လကို တေးသီချင်းတစ်ပုဒ် ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်အနေနဲ့ ပရိသတ်မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

“ကိုယ့်အကိုတွေ အားလုံးက အဆိုတော်အသိုင်းအ၀ိုင်းမို့ ဂီတဘက်လုပ်ဖြစ်သွားတာပါ။ ညီမ ကိုရီးယားမှာတော့ သရုပ်ဆောင်မင်းသမီး တစ်ယောက်အနေနဲ့ လုပ်ဖြစ်တယ်။ မြန်မာပြည်မှာတော့ Pre- Production လုပ်နေတယ်။ ဒီ ဇာတ်လမ်းတွဲတွေ ဆက်လက်ရိုက်ကူးဖို့လည်း ရှိပါတယ်။ ညီမကို ဒီ ဇာတ်လမ်းတွဲမှာက တည်ငြိမ်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာက ဟာသ၊ အချစ်နဲ့ ခြောက်လန့်မှုအပိုင်း ပြောင်းသွားတာလေးပါ ” လို့ သူမက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News