အင်းစိန်ထောင်ရှေ့တွင် လွတ်ငြိမ်းပါဝင်လာမည့်သူများကို စောင့်မျှော်နေသူများ၏ မြင်ကွင်း

၄. ၁. ၂၀၂၃
Written by Nay Moe

ယနေ့ ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့အဖြစ် အကျဥ်းသား၊ အကျဥ်းသူ ၇၀၁၂ ဦး ပြန်လွှတ်ပေးခဲ့ပြီး SAC တာဝန်ယူထားသည့် နှစ်နှစ်သက်တမ်းအတွင်း အကျဉ်းသား ၆၆၄၀၂ ဦးအထိ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

SAC လက်ထက် ပထမဆုံး ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့မှုမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၂ (ပြည်ထောင်စုနေ့)တွင် ဖြစ်ပြီး နိုင်ငံခြားသား ၅၅ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၂၃၃၁၄ ဦးလွှတ်ပေးခဲ့ပြီး မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံခြားသား ၁၃၇ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၂၃၀၄၇ ဦးလွှတ်ပေးခဲ့သည်။

တတိယအကြိမ်အဖြစ် သီတင်းကျွတ်အခါသမယ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြည်တွင်းအကျဉ်းသူအကျဉ်းသား ၅၆၇၀ ဦးလွှတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် မတ် ၂ ရက်တွင် နိုင်ငံခြားသား ၁ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၆ ဦးလွှတ်ပေးခဲ့ကာ မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံခြားသား ၄၂ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၁၅၇၇ ဦးလွှတ်ပေးခဲ့ကာ အောက်တိုဘာ ၂၈ ရက်တွင် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၆ ဦးလွှတ်ပေးခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံခြားသား ၄ ဦးနှင့် ပြည်တွင်းအကျဉ်းသူ၊ အကျဉ်းသား ၅၇၇၀ ဦးလွှတ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့အဖြစ် အကျဥ်းသား၊ အကျဥ်းသူ ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ယနေ့ လွတ်လာသူများတွင် NLD အစိုးရဟောင်းလက်ထက် ဝန်ကြီးဖြစ်ခဲ့သူ သူရဦးအောင်ကို၊ စာရေးသူဦးထင်လင်းဦး စသည့် နိုင်ငံရေးနှင့် ဆက်နွှယ်ဖမ်းဆီးခံရသူများလည်း ပါဝင်လာသည်ဟု ကနဦးသတင်းများအရ သိရသည်။

ထို့ကြောင့် SAC တာဝန်ယူထားသည့် နှစ်နှစ်သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၈ ကြိမ်ပေးခဲ့ရာတွင် အကျဉ်းသား၊ အကျဉ်းသူ ၆၆၄၀၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်းနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်ပေးစေလိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် နစက၏ ၂၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News