၅.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကာကွယ်ရေး၀န်ကြီးဌာန ပင်တဂွန်ရဲ့သတင်းစာမူဝါဒအသစ်နဲ့ပတ်သက်လို့ The New York Times သတင်းစာရဲ့ကုမ္ပဏီက ကာကွယ်ရေး၀န်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်တို့ကို ဒီဇင်ဘာလ ၄ ရက်က တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
သတင်းထောက်တွေအနေနဲ့ သတင်းအချက်အလက်တွေ မထုတ်ဝေမီ ခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ မူဝါဒဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက်မှာ ပြဋ္ဌာန်းထားတဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့် ကာကွယ်မှုတွေကို ချိုးဖောက်ရာရောက်တယ်လို့ တရားစွဲဆိုမှုမှာ စွပ်စွဲထားပါတယ်။
ဒီစည်းမျဥ်းတွေကို ထရမ့်အစိုးရအပေါ် စာနာတဲ့ မီဒီယာတွေက လိုက်နာဖို့သဘောတူညီခဲ့ပြီး လိုက်နာဖို့ငြင်းဆန်တဲ့အဓိကမီဒီယာတွေနေရာမှာ အစားထိုးခဲ့ပါတယ်၊

ကာကွယ်ရေး၀န်ကြီးဌာနနဲ့ ၀န်ကြီး ပိသ်ဟက်ဆက်ကို တရားစွဲဆိုမှုက The Times နဲ့ CBS၊ CNN၊ Fox News နဲ့ NBC အပါအဝင် တခြားအဓိကသတင်းဌာနတွေကသတင်းထောက်တွေက စည်းမျဉ်းတွေကို လိုက်နာဖို့ ငြင်းဆိုပြီးနောက် ပင်တဂွန်မှ ထွက်ခွာပြီး သူတို့ရဲ့ အထောက်အထားတွေကို စွန့်လွှတ်ပြီးနောက် နှစ်လနီးပါးအကြာမှာ ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ကာကွယ်ရေး၀န်ကြီးဌာနရဲစည်းမျဉ်းတွေကို လိုက်နာဖို့ ငြင်းဆန်တဲ့ သတင်းဌာနတွေဟာသူတို့ရဲ့ပင်တဂွန် အထောက် အထားတွေကို ဆုံးရှုံးခဲ့ရပါတယ်။
ဝါရှင်တန်ဒီစီရှိ အမေရိကန်ခရိုင်တရားရုံးမှာ တင်သွင်းခဲ့တဲ့ တရားစွဲဆိုမှုမှာ တရားသူကြီးကို ပင်တဂွန်အား မူဝါဒကို ပြဋ္ဌာန်းတာက တားဆီးဖို့ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ကြေညာဖို့ တောင်းဆိုခဲ့ပါတယ်။
တရားစွဲဆိုမှုမှာတရားခံအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Sean Parnell က CNBC ကို ကာကွယ်ရေးဝန်ကြီးဌာနဟာ “New York Times တရားစွဲဆိုမှုကို သိရှိပြီး ဒီငြင်းခုန်မှုတွေကို တရားရုံးမှာ ဖြေရှင်းဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref- CNBC
