ဓာတ်ပုံ- လင်းလင်း

၄.၁.၂၀၂၃

Written By Myo Khine

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အကွက် ၁၃ ရှိ ဆီတန်းရှေ့တွင် ယနေ့ ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခန့်က အမျိုးသား ၃ ဦးသေနတ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေနတ်ပစ်သတ်ခံရသည့် အမျိုးသား ၃ ဦးမှာ အသက် ၃၀ကျော်အရွယ် နှစ်ဦးနှင့် အသက်၂၀ ကျော်အရွယ်တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

“ဆီဖြည့်ဖို့သွားတာ။ လွတ်လပ်ရေးနေ့အခမ်းအနားကို သွားတာလို့ ယူဆရတယ်။ ဘယ်သူပစ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”ဟု အမည်မဖော်လိုသော စစ်တွေမြို့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ယခုအခါ သေဆုံးသူများကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် စစ်တွေမြို့ပေါ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်သူများကို လိုက်လံစုံစမ်းနေကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News