၈. ၅. ၂၀၂၄
Written by Nay Moe

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်ဦးကျော်မြင့်ကို ပျူစောထီးခေါင်းဆောင်ဆိုပြီး ပစ်သတ်လိုက်တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖအဖွဲ့က ဒီနေ့ထုတ်ပြန်လာပါတယ်။

မနေ့က မေလ ၇ ရက် မနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ဦးကျော်မြင့်ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးချိန်မှာ ဦးကျော်မြင့် သေဆုံးသွားတာလို့လည်း ပြောပါတယ်။

ကျွန်းစုပကဖအဖွဲ့က ဝိုင်းဝန်းပစ်ခတ်လို့ သေဆုံးသွားတဲ့ ဦးကျော်မြင့်ထံက ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ၉ မမ ကျည် ၂၅ တောင့်၊ လက်ထိပ် ၁ ခု၊ ငွေသား ၃ သိန်း၊ ဖုန်း ၁ လုံး ၊ အုပ်ချုပ်ရေးမှူးကတ်ပြား၊ မှတ်ပုံတင်၊ မီးသတ်တပ်ဖွဲ့ဝင် ကတ်ပြား၊ စာရွက်စာတန်းတွေ သိမ်းယူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *