၈. ၅. ၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဟံသာဝတီလမ်းတွင် မေလ ၇ ရက် နံနက် ၇ နာရီခန့်က အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး ကားပေါ်တွင် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ စိုင်းခမ်းလျှံဖြစ်ပြီး အနီးတွင် သေနတ်နှင့်အတူ ကျည်ဆံ အခွံများကိုပါ တွေ့ရှိခဲ့ရကြောင်း၊ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးချက်များနှင့် CCTV မှတ်တမ်းများအရ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ တာဝန်ရှိသူများက မိသားစုဝင်များနှင့် ဆက်သွယ်အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က အမှုကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ဆုံးသွားတဲ့အမျိုးသားက ကားပေါ်မှာပဲ ခေါင်းကို သေနတ်နဲ့ပစ်ပြီး သေသွားတယ်လို့ ကြားတယ်။ ဘာကြောင့် ဒီလိုလုပ်သွားလဲဆိုတာတော့ မသိဘူး”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီ​ရေးအဖွဲ့ဖြစ်သော တာချီလိတ်သဒ္ဒါ ပရဟိတအသင်းက တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *