၈. ၅. ၂၀၂၄
Written by Nyein Kyaw

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အများပြည်သူအလှူရှင်များက နှစ်လအတွင်း ကျပ်သိန်းပေါင်း ၂၃,၀၀၀ ကျော်တန်ဖိုးရှိ ရွှေပြားအချပ် ၆၀ နှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

၂၀၂၄ ခုနှစ်၊ မတ် ၁ ရက်မှ ဧပြီ ၃၀ ရက်ထိကာလအတွင်း သုံးကျပ်သားရွှေပြား ခုနှစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၃ ချပ်တို့အား အလှူရှင် ၄၇ ဦးတို့ကလည်းကောင်း၊ ငွေသားအလှူရှင် ၁၁၆ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်းကျပ် ၂,၃၁၆,၅၀၉,၅၅၇ (ကျပ် ၂၃,၁၆၅ သိန်း) တို့ကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲက (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို မေလ ၇ ရက် (ယမန်နေ့)တွင် စေတီတော်ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *