၃၀.၄.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားမှု ဆက်လက်အရှိန်မြင့်လာခဲ့ပါက မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားများကိုကယ် တင်နိုင်ရန် ထိုင်းတော်ဝင်ရေတပ်မှ စစ်သင်္ဘောလေးစီးက ကပ္ပလီပင်လယ်ပြင်တွင် အသင့်စောင့်ဆိုင်းနေကြောင်း ဧပြီလ ၂၉ ရက် သတင်းများတွင် ဖော်ပြခဲ့ကြသည်။

ထိုင်းရေတပ်အကြီးအကဲ ဇိုလ်ချုပ်ကြီး အဒမ်ပန်အမ်က ကပ္ပလီပင်လယ်ကမ်းခြေအတွက်တာဝန်ရှိသော အမှတ် (၃) စစ်ဒေသတိုင်းမှူးအား ကယ်ဆယ်ရေးလုပ်ငန်းများတွင် လိုအပ်ပါက အသုံးပြုနိုင်ရန် ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးနှင့် ကမ်းထိုး ရေယာဉ်နှစ်စီးတို့အား အသင့်အနေအထားစောင့်ဆိုင်းနေရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထိုသင်္ဘောလေးစီးက မြန်မာ့တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်လာပါက မြန်မာ နိုင်ငံရောက် ထိုင်းနိုင်ငံသားများကို အဆင်သင့် ကယ်တင်နိုင်ရန်ဟုလည်း သတင်းများကဆိုသည်။

ထိုအတောအတွင်း ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်နှင့် နယ်စပ်ချင်းထိနေသော မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများက အရှိန်လျော့သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News