၃၀.၄.၂၀၂၄
Written By Thandar

အနုပညာအလုပ်တွေ ဆယ်စုကျော်ရပ်နားထားတဲ့ သရုပ်ဆောင် မြသဥ္ဇာလီကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီဆိုရင် အတွင်းစိတ်သိပြီ ချစ်ကြတာပိုပြီးကောင်းပါတယ်လို့ ဆိုပါတယ်။

“အခုချိန်ထိ ကိုယ်နုနေသလိုဖြစ်တာက အဖေနဲ့အမေရဲ့ မျိုးရိုးနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ အဓိကတော့ အစားအသောက်ပေါ့။ လေ့ကျင့်ခန်းတွေ သေချာလုပ်တယ်။ ပြီးတော့ ကိုယ့်စိတ်ထဲမှာ အရမ်းစိတ်ရှုပ်ထွေးစရာတွေ မတွေးဘူးပေါ့။ ပေါ့ပေါ့ပါးပါးပဲ နေထိုင်တယ်။ တခြားသူတွေကို အရမ်းမုန်းတာတွေ၊ အရမ်းချစ်တာတွေ၊ အရမ်းစိတ်ဆိုးတာလည်း မရှိဘူး။ တစ်ချိန်က ချစ်ခဲ့ချိန်မှာလည်း ပုံမှန်ပါပဲ။ ကိုယ့်စိတ်ကို ရှုပ်ထွေးစေတာမျိုး ကိုယ်ကလက်မခံဘူးပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက်က အတွင်းစိတ်တစ်ခုသိပြီးတော့ ချစ်တာကတော့ ကောင်းပါတယ်။ ပိုပြီးလည်း တန်ဖိုးရှိတာပေါ့။ အပေါ်ယံ လှတယ်။ မိုက်တယ်ဆိုတာကို ကြည့်ပြီးချစ်တဲ့အခါ တကယ်တမ်းလက်တွဲချိန်မှာ အဆင်မပြေတာတွေ ဖြစ်တတ်တာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီးဆိုရင် အတွင်းစိတ်သိပြီး ချစ်ကြတာပိုပြီးကောင်းပါတယ်”လို့ သရုပ်ဆောင် မြသဉ္ဇာလီက ပြောပါတယ်။

သူမကတော့ MD Skin Care Myanmar က ကိုသာဂိကို Brand Ambassador ခန့်အပ်ပွဲ ဖိတ်ကြားလို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မြသဥ္ဇာလီက တစ်ယောက်တည်းနေထိုင်ရတာ ကြိုက်နှစ်သက်တဲ့အတွက် လက်ရှိအချိန်မှာ တစ်ယောက် တည်း ဖြတ်သန်းနေထိုင်နေတယ်လို့ ဆိုပါတယ်။ ယောဂကျင့်စဥ်နဲ့နေထိုင်ပြီး ကျန်းမာရေးအတွက် အထူးဂရုပြုနေထိုင်သလို အစားအသောက်ပိုင်းကိုလည်း စည်းစနစ်တကျ စားသောက်တဲ့အတွက် ဝိတ်တက်မလာဘူးလို့ ဆိုပါတယ်။ မြသဥ္ဇာလီကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကမ်းလှမ်းလာရင်ပြန်ရိုက်ဖို့ အစီအစဥ်ရှိတယ်လို့ ဆိုပါတယ်။

“ကိုယ်က ငယ်ငယ်ကတည်းက အရမ်းစွာတာ အိမ်မှာလည်း အငယ်ဆုံးဖြစ်နေတော့လေ။ အနုပညာအလုပ် စလုပ်ချိန်က ၁၅ နှစ်လောက်ဆိုတော့လေ။ ရှုတင်ပေါ်မှာလည်း ကိုယ်က စွာတယ်။ အိမ်ကလည်း အလိုလိုက်ထားတော့ ပိုဆိုးသွားတာပေါ့။ ခုနောက်ပိုင်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားပါပြီ။ တကယ်လို့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ကမ်းလှမ်းရင်တော့ ကောင်လေးချောရင်တော့ ရိုက်မှာပါ ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *