၃၀.၄.၂၀၂၄
Written by Hey Mar

နေအိမ်ရေစင်ပေါ် ရေတက်ထည့်တဲ့ ရေကားမောင်းသမားတစ်ဦး ခေါင်မိုးပေါ်မှာဓာတ်လိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဧပြီ ၂၉ ရက် ညနေ ၄ နာရီ မိနစ် ၅၀ အချိန်ခန့်က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၀)လမ်းရှိ နေအိမ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်လိုက်သေဆုံးခဲ့တဲ့ ရေကားမောင်းပြီးရောင်းချသူဟာ အသက် ၃၀ အရွယ်ဖြစ်ပြီး၊ မော်လမြိုင် ၆ မိုင်ဘက်ကျေးရွာကလို့ သိရပါတယ်။

ဖြစ်စဉ်ကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူက “အိမ်ကသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားကြောင့်ပဲ ဖြစ်တာပါ။ လျှပ်စစ်ဝန်ထမ်းက ပြောတာတော့ အိမ်ခေါင်နဲ့ထိနေတဲ့ ဓာတ်ကြိုးပေါက်နေပုံရတယ်ပြောတယ်။ အိမ်ခေါင်ပေါ်တက်နေတုန်း ဓာတ်လိုက်ပြီး တန်းလန်းအနေအထားဖြစ်နေတာကို အိမ်ခေါင်မိုးပေါ်ကနေ အောက်ကို ပြန်ချပြီး ကျွန်တော်တို့ CPR လုပ်ပေးကြည့်တယ်။ ကြိုးစားပေမယ့် မရတော့ဘူး“လို့ MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ယာဉ်နဲ့ မော်လမြိုင်ဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *