၂၇. ၄. ၂၀၂၄
Written by Thettant

ထိုင်းနိုင်ငံမှာ လှဝင်းစိန်နာမည်နဲ့ လက်ဝှေ့ပွဲများစွာ ထိုးသတ်ကစားနေတဲ့ ကရင်တိုင်းရင်းသား စောထူးအောင်ဟာ International Muay Thai Championship (Patong Fight) မှာ ဖေဖော်ဝါရီ ၂၉ ရက်က မွေထိုင်းဖိုက်တာ Sing Pathaphi နဲ့ 135Lb (၆၁.၅ ကီလို) တန်းမှာ ယှဥ်ပြိုင်အနိုင်ရလို့ ချန်ပီယံဖြစ်လာခဲ့သလို လာမဲ့ မေ ၂ ရက်မှာလည်း Patong Fight ရဲ့ 140 Lb တန်းမှာ ခါးပတ်လုပွဲ ထပ်မံဆင်နွှဲရမှာပါ။

အသက် ၂၅ နှစ်အရွယ် သထုံနယ်ဖွား ကရင်တိုင်းရင်းသား စောထူးအောင်ဟာ Sumalee Boxing Gym မှာ လေ့ကျင့်ထိုးသတ်နေတာဖြစ်ပြီး Pathaphi နဲ့ ထိုးသတ်အပြီး မတ်လ ၂၈ ရက်မှာလည်း ရုရှားဖိုက်တာ Sharif Mazuriev နဲ့ ငါးချီပွဲထိုးသတ်ရာမှာလည်း ဒုတိယအချီတင် အလဲထိုးအနိုင်ရထားသေးတာပါ။

လှဝင်းစိန်နဲ့ မေလ ၂ ရက်မှာ ခါးပတ်လုရမဲ့ International Muay Thai Championship (Patong Fight) 140 Lb ရဲ့ ပြိုင်ဘက်ဟာ အာဂျင်တီးနားဖိုက်တာ လက်ရှိချန်ပီယံ Alan Yauny ဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်ကတင် Madsing နဲ့ International Muay Thai Championship (Patong Fight) 140 Lb ခါးပတ်လုပွဲထိုးထားသေးတာပါ။ Alan Yauny ကတော့ One Championship မှာ တစ်ပွဲရှုံးအပြီး ပွဲထပ်မရတော့တာ တစ်နှစ်ကျော်လာသူဖြစ်ပေမဲ့ Patong Fight နဲ့ မွေထိုင်းအနိမ့်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်နေသူမို့လို့ လှဝင်းစိန်အဖို့တော့ အရင်ပြိုင်ဘက်တွေ၊ ခါးပတ်လုပွဲတွေထက် ပိုခက်မှာဖြစ်ပေမဲ့ မြန်မာပရိသတ်တွေကတော့ မြန်မာနိုင်ငံသားတစ်ယောက် ထိုင်းမြေမှာအောင်မြင်သထက် အောင်မြင်ပြီး အမြင့်ပျံနိုင်ဖို့အတွက် မေ ၂ ရက်မှာ အနိုင်ထိုးနိုင်ရေးသာ ဆုတောင်းနေကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *