MT News
၂. ၁၀. ၂၀၂၆
မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းသည် ၂၀၂၇ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် အိန္ဒိယ အမျိုးသား ယူ-၁၇ အသင်းကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲများကို အောက်တိုဘာ ၄ ရက်နှင့် ၇ ရက်တို့တွင် ညနေ ၃ နာရီခွဲအချိန်၌ သန်လျင်မြို့နယ်ရှိ Star City ကွင်း (Sunset Venue) တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာနှင့် အိန္ဒိယ အမျိုးသား ယူ-၁၇ အသင်းနှစ်သင်းစလုံးသည် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် အသင်းများဖြစ်သည်။ မြန်မာအသင်းသည် ၂၀၂၇ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (က)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
အိန္ဒိယအသင်းမှာ အုပ်စု (င) တွင် မလေးရှား၊ ပါလက်စတိုင်း၊ စင်ကာပူနှင့် ဂူအမ်အသင်းတို့နှင့် ကျရောက်နေသည်။
မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ မြန်မာဘောလုံးအကယ်ဒမီများမှ ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်လူမျိုး နည်းပြချုပ် Mr. Keisuke Amano က တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်။
အသင်းအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင်လည်း Galaxy FC အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်း ပဏာမ ကစားသမားစာရင်း
ဂိုး – အောင်ဘုန်းမြတ် (မန္တလေးတိုင်း ဒေသကြီး)၊ လင်းလက်ထွန်း (Falcon FC)၊ ရောဘတ်၊ စောအောင်ကျော်ဖြိုး (ကရင်ပြည်နယ်)
နောက်တန်း – ကြည်သာ (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ ဟိန်းသန့်ချစ်ခင် (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ မျိုးဇော်လွင် (မန္တလေးတိုင်း ဒေသကြီး)၊ မြတ်သူမောင် (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ မြင့်မြတ်အောင် (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ လမင်းထိန် (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)၊ ဇင်မင်းမြတ်သူ (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ မြတ်မင်းသူ (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)၊ ခွန်စိုင်းကြယ်စင် (ရှမ်းပြည်နယ်)၊ မိုးကောင်းခန့် (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)
အလယ်တန်း – ခွန်ဝေဖြိုး (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ သန်းထိုက်အောင် (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ ခွန်ထွန်းဝေ (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)၊ သူရမောင် (စစ်ကိုင်းတိုင်း ဒေသကြီး)၊ နေယံထွဋ် (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ ပရင့်စ်ဒိုဒိုထန် (ရန်ကုန်တိုင်း ဒေသကြီး)၊ သန့်ဇင်အောင် (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)၊ သူရဟိန်းထက် (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ စောဂျိမ်း (ရန်ကုန်တိုင်း ဒေသကြီး)၊ အောင်မြတ်သာ (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)
ရှေ့တန်း – ပိုင်ဇေထွန်း၊ ဖုန်းအောင်ရဲရင့်၊ ကောင်းခန့်လင်း (အမျိုးသား ဘောလုံးအကယ်ဒမီ – ရန်ကုန်)၊ စိုင်းမင်းအောင် (မြန်မာဘောလုံး အကယ်ဒမီ – မန္တလေး)၊ သက်နိုင်ဦး (ရန်ကုန်စီးတီး အက်ဖ်စီ)
