၂၇. ၄. ၂၀၂၄
Written by Hey Mar

အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦးကို ယာဥ်ငယ်တစ်စီးက ဖြတ်တိုက်ပြေးသွားတဲ့ဖြစ်စဥ် ဧပြီလ ၂၆ ရက် ည ၁၁ နာရီအချိန်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာပလာဇာရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

အဆိုပါယာဥ်တိုက်မှုကြောင့် အမျိုးသမီးမှာ နေရာတင်သေဆုံးပြီး ဖြစ်စဥ်ကို တွေ့ရှိသူတချို့ရဲ့ပြောပြချက်အရ တစ်ဖက် ဆန့်ကျင်ဘက်ယာဥ်ကြောဖြစ်တဲ့ ကန်ဘောင်ဘက်အခြမ်းကနေ တိုက်မိတာက ပလာဇာရှေ့ဘက်အခြမ်းထိ လွင့်ကျလာတာလို့လည်း သိရပါတယ်။

တိုက်ပြေးသွားတဲ့ ယာဥ်ရဲ့ အခြေအနေကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းပိုင်မော်တော်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပိုင်ရှင်မဲ့အဖြစ် ပို့ဆောင်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *