၂၇. ၄. ၂၀၂၄
Written by Nyein Kyaw

စာသင်ကျောင်းနှင့်ကင်းကွာပြီး ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာဆုံးခန်းတိုင်သင်ယူနိုင်ရေး တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ/ဆရာမများက ဝိုင်းဝန်းထိန်းသိမ်းကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒ စကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်ကြောင်း၊ ယင်းအနက် ပညာရေးသည် အခြေခံဖြစ်သဖြင့် အဓိကျသည့်အတွက် လူမှန်းသိတတ်စအရွယ်ကတည်းက ကျောင်းတက်ပညာသင်ကြပြီး ဘဝရှေ့ရေးအတွက် အသိပညာပြည့်ဝအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာရေးအခြေခံမကောင်းပါက မိမိအတွက်သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် မဖြစ်နိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် အခြေခံပညာကဏ္ဍတွင် လူငယ်အရွယ်အားလုံး၊ ကျောင်းနေရမည့်အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကိုဆုံးခန်းတိုင် သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ/ဆရာများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *