ပုံစာ။ ကျုံညဲကျေးရွာမှ သိမ်းယူခဲ့သည်ဆိုသော ပစ္စည်းများမြင်ကွင်း။

၂၆. ၄. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျုံညဲကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ငါးဦးကို ဒေါနစစ်ကြောင်း အပါအဝင် PDF ခုနစ်ဖွဲ့ ပူးပေါင်းဖမ်းဆီးပြီး ခေါင်းဆောင်နှစ်ဦးကို ပစ်သတ်လိုက်တယ်လို့ သတ်ဖြတ်လိုက်တဲ့ PDF တွေက ထုတ်ပြန်ထားပါတယ်။

ဒီသတ်ဖြတ်မှုဖြစ်စဥ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခန့်က ခေါဇာမြို့နယ်ခွဲ၊ ကျုံညဲကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ် ခေါင်းဆောင်ဆိုတဲ့ ဦးတင်ဝင်းနဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဝင်းတို့ အပါအဝင် ၅ ဦးကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးပြီး သုံးဦးကို ပြန်လွှတ်ပေးပေမဲ့ ဦးတင်ဝင်းနဲ့ ဦးသိန်းဝင်းကိုတော့ သေနတ်လုထွက်ပြေးပြီး ခုခံပစ်ခတ်တယ်အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်တာပါ။

ဒီလိုဖမ်းဆီးသတ်ဖြတ်မှုအပြင် ဦးတင်ဝင်းနဲ့ ဦးသိန်းဝင်းတို့ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ဆီက M4 Carbine ၂ လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂ လက်၊ 380 ပစ္စတို ၂ လက်၊ ကိုးလုံးအတို ၁ လက်၊ .32 အတို ၁ လက်၊ တူမီး ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး ၊ 5.56 ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၃၈၅ တောင့်၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .32 ကျည် ၄၁ တောင့်၊ ဓားတစ်လက်၊ စကားပြောစက် ၃ လုံး၊ စကားပြောစက် အားသွင်းခုံ ၂ ခု၊ Equipment ၁ ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခုတို့ကို ဒေါနစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က လုယက်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒီဖမ်းဆီးလုယက်သတ်ဖြတ်မှုကို ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေး တပ် (MSRF)၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ ၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ – ၇ တို့ ပူးပေါင်းကျူးလွန်ခဲ့ကြတာလို့လည်း သိရပါတယ်။

ပုံစာ။ ကျုံညဲကျေးရွာမှ သိမ်းယူခဲ့သည်ဆိုသော ပစ္စည်းများမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *