နေမိုး
၂၅. ၁၀. ၂၀၂၆
ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် PDF လေးဦးက လက်နက်မဲ့ ဆယ်အိမ်မှူးတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရပ်မိရပ်ဖတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု စဉ့်ကိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာနေ ဆယ်အိမ်မှူး ဦးမင်းညို(၅၀)နှစ်သည် တစ်ရွာတည်းနေ တောင်ရင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း(၅၆)နှစ်နှင့် ရပ်မိရပ်ဖဖြစ်သူ ဦးဇော်လင်းအောင်(၄၀)နှစ်တို့နှင့်အတူ နေအိမ်၌ စကားပြောဆိုနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးမင်းညိုနှင့် ဦးဆန်းဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇော်လင်းအောင်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
