◼️ Tik Tok ကို ပိတ်ပင်မှုကြောင့် အမေရိကန်အနေဖြင့် တန်ပြန်ထိခိုက်မှုကို မလွဲမရှောင်သာကြုံရလိမ့်မည်ဟု တရုတ်အစိုးရ သတိပေး

၂၆.၄.၂၀၂၄.
Translated by Htwe Ko Tun

အမေရိကန်ကွန်ဂရက်က ယခုရက်သတ္တပတ်အတွင်း အတည်ပြုခဲ့သောဥပဒေအရ တရုတ်နိုင်ငံ၏ ByteDance ကုမ္ပဏီက ဖြန့်ချိနေသော Tik Tok လူမှုသတင်းမီဒီယာ၏ အစုရှယ်ယာများကို အမေရိကန်နိုင်ငံ၌ ကိုးလအတွင်းပြန်လည်ရောင်းချရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်နိုင်ငံ၌ ပိတ်ပင်ခြင်းခံရမည်ဟု ဖော်ပြထားသော်လည်း ကုမ္ပဏီအနေဖြင့် Tik Tok ကို ပြန်လည်ရောင်းချရန်စီမံချက် တစ်စုံတစ်ရာမရှိဟု လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်သော Toutiao ရှိ ၎င်း၏ စာမျက်နှာ၌ ByteDance က ဖော်ပြခဲ့သည်။

ByteDance ၏ ဖော်ပြချက်တွင် ကုမ္ပဏီအနေဖြင့် Tik Tok အား အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်ရောင်းချသွားမည်ဟု ပြည်ပမီဒီယာများက ရေးသားနေခြင်းများက မဟုတ်မှန်ကြောင်းလည်း တုံ့ ပြန်ပြောကြာခဲ့သည်။

Tik Tok က အဆိုပါဥပဒေနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောကြားရန် ရှိ မရှိမေးမြန်းချက်အား ပြန်လည်တုံ့ပြန် ပြောကြားခဲ့ခြင်းမရှိသေးပေ။ သို့သော် ယခုရက်သတ္တပတ်အစတွင် ByteDance မှ အမှုဆောင်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော ဥပဒေကို တရားရုံး၌ အမှုဖွင့်တရားစွဲမည်ဟု ပြောခဲ့သည်။

ထို့ပြင် ByteDance အပေါ် တရုတ်အစိုးရက ထိန်းချုပ်လွှမ်းမိုးထားမှုများရှိသည်ဟု ပြောကြားချက်များနှင့်ပတ်သက် ၍လည်း လုံးဝမဟုတ်မှန်ကြောင်း ByteDance က ထပ်လောင်းငြင်းဆိုသွားခဲ့သည်။

Tik Tok လူမှုသတင်းမီဒီယာကွန်ရက်အား တည်ထောင်ဖြန့်ချိသူ ByteDance ကုမ္ပဏီက အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို အမေရိကန်မှ အဓိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်ကြသည့် Carlyle Group, General Atlantic နှင့် Susquehanna International Group တို့က ပိုင်ဆိုင်ကြပြီး ကျန် ၂၀ ရာခိုင်နှုန်းကို ကမ္ဘာအနှံ့ရှိ Tik Tok ၏ ဝန်ထမ်းများက ပိုင်ဆိုင်ကြသည်။ ထို့ပြင် အမေရိကန်ရှိ TikTok ဘုတ်အဖွဲ့တွင် အဖွဲ့ဝင်ငါးဦးရှိသည့်အနက် သုံးဦးက အမေရိကန်နိုင်ငံသားများဖြစ်သည်။

အမေရိကန်အစိုးရ၏ TikTok က အမေရိကန်အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်၍ ဤသို့ပိတ်ပင်ခြင်းဟု ပြောကြားမှုများအပေါ် တရုတ်အစိုးရက တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲခြင်းလုပ်ရပ်အဖြစ် ပြောကြားခဲ့ကာ ထိုကဲ့သို့ပိတ်ပင်မှုကြောင့် အမေရိကန်အနေဖြင့် တန်ပြန်ထိခိုက်မှုကို မလွဲမရှောင် သာကြုံရလိမ့်မည်ဟု ဆိုခဲ့သည်။

Ref-bbc

Leave a Reply

Your email address will not be published. Required fields are marked *