ပုံစာ။ ကရင်ပြည်နယ်အတွင်းက ဒုစရိုက်အချက်အချာနေရာတစ်ခုဖြစ်တဲ့ Huanya Project

၂၅.၄.၂၀၂၄
Translated by Htwe Ko Tun

အရှေ့တောင်အာရှဒေသအတွင်းမှာ တရုတ်နိုင်ငံကကြီးမားစွာ အစပြုခဲ့တဲ့ ဒုစရိုက်ဂိုဏ်းတွေ အကြီးမားဆုံးလှုပ်ရှားရာနေရာအဖြစ် မြန်မာနိုင်ငံက အချိန်ကြာမြင့်စွာတည်ရှိလာခဲ့ရသော်လည်း ဒီဒုစရိုက်ဂိုဏ်းတွေက အခုအခါမှာတော့ မြန်မာနိုင်ငံအတွင်း သူတို့ရဲ့အရင်းအမြစ်တွေကို အကာအကွယ်ပေးမှုကို ဖျက်သိမ်းခံရတော့မယ်ဆိုရင် သူတို့လည်း တခြားတစ်နေရာရွှေ့ပြောင်းဖို့ ဒါမှမဟုတ် နယ်စပ်ကိုဖြတ်ကျော်ရွှေ့ပြောင်းဖို့ အဆင်သင့်အနေအထားဖြစ်နေကြပြီလို့ ဆိုရမှာပါ။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တစ်လျှောက်မှာရှိနေတဲ့ အွန်လိုင်းမှလိမ်ညာလှည့်ဖြားမှုတွေပြုနေတဲ့ ကျားဖြန့်စခန်းတွေကို ပိတ်ပစ်နိုင်ဖို့ တရုတ်အစိုးရ လှုပ်ရှားဆောင်ရွက်မှု ပြုလုပ်ခဲ့အပြီး အတော်များများက ကရင်ပြည်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာကြပါတယ်။ တရုတ်နိုင်ငံမှ အဓိက အလိုရှိနေတဲ့ ရာဇဝတ်ပြေးဒုစရိုက်ခေါင်းဆောင်ကြီးတွေလည်းပါဝင်တဲ့ အွန်လိုင်းမှလိမ်ညာလှည့်ဖြားမှု လုပ်ငန်းတွေအတွင်းရောက်ရှိနေသူ ၄၅,၀၀၀ ခန့်ကို မိခင်နိုင်ငံတွေ ပြန်ပို့ရေးမှာလည်း တရုတ်အာဏာပိုင်တွေကို ဒီကျားဖြန့်စခန်းတွေမှာ မြန်မာ့တပ်မတော်က ပါဝင်ပတ်သက်မှုရှိသလားဆိုတဲ့ထောက် လှမ်းရေးသတင်းတွေ ရရှိစေခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လုပ်ငန်းအကြံအစည်တွေ ပျက်ပြားရပြီးတဲ့နောက်မှာတော့ ကျားဖြန့်ဂိုဏ်းတွေက လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေအတွင်း ရွှေ့ပြောင်းအခြေစိုက်ကြပြန်ပါတယ်။ တချို့ကလည်း မြန်မာနိုင်ငံအတွင်းမှာ ပြန်လည်ရှင် သန်လှုပ်ရှားနိုင်ကြဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တချို့ဒုစရိုက်ဂိုဏ်းလှုပ်ရှားမှုတွေဆိုရင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တစ်ဝိုက်နဲ့ ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေ ကြီးစိုးထားတဲ့နယ်မြေတွေမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် လုပ်ငန်းပျက်စီးသွားတဲ့ ကျားဖြန့်ဂိုဏ်းအများစုကတော့ ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံပိုင် ကရင်ပြည်နယ်အတွင်း ရောက်ရှိလာခဲ့ကြပါတယ်။ ဒီမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေက ဒီဒုစရိုက်ဂိုဏ်းတွေကို ပြည်နယ်အတွင်း ခိုအောင်းခွင့်ပေးကာ ကရင်ပြည်နယ်ကိုလည်း ဒုစရိုက်နယ်မြေကြီးလိုဖြစ်လာဖို့ မြန်မာ့တပ်မတော်နဲ့ အလှမ်းဝေးကင်းကွာအောင် ကြိုးစားလာကြပါတယ်။

ဒီခြေလှမ်းတွေက နောက်ဆုံးမှာတော့ မြန်မာနဲ့ ထိုင်းနိုင်ငံနယ်စပ် လက်နက်ကိုင်အဖွဲ့မျိုးစုံတည်ရှိရာ ကရင်ပြည်နယ်အတွင်းမှာ ပဋိပက္ခအခြေအနေကို ဦးတည်စေခဲ့တယ်လို့ ဆိုရမှာပါ။ ကရင်ပြည်နယ်အတွင်း ရှိနေတဲ့ ကရင်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ တရားဥပဒေနဲ့မညီလုပ်ငန်းတွေကိုကာကွယ်နေတဲ့ သူတို့ထက် မြန်မာ့တပ်မတော်အပေါ် ဒီပဋိပက္ခအခြေ အနေအတွက် တာဝန်ရှိတယ်လို့ ဆိုပြန်ပါတယ်။

ဒီမှာတွေ့ရတာက တရုတ်နိုင်ငံမှရော၊ ထိုင်းနိုင်ငံမှပါ ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေက ဒီစစ်ဆင်ရေးတွေကို တုံ့ပြန်စိန်ခေါ်ဖို့ ပါဝင်လိုဟန် ဆန္ဒမရှိကြတာတွေ့ရပါတယ်။ ကရင်လက်နက်ကိုင်တပ်တွေအနေနဲ့ သူတို့ဆက်လက်ရှင်သန်ရပ်တည်ဖို့ မြန်မာ့တပ်မတော်ကို သူတို့ဟာသူတို့ အာခံဆန့်ကျင်နေကြပါတယ်။ ဒီအခြေအနေက အမေရိကန်အစိုးရအတွက် အကျိုးအမြတ်များရှိစေပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေကို ကရင်လူမျိုးတွေရဲ့ ခိုလှုံခွင့်ကိုထိန်းချုပ်ဖို့၊ ဒုစရိုက်ကွန်ရက်တွေကို ဆက်သွယ်ပေးမယ့် နိုင်ငံတွင်းလမ်းကြောင်းတွေကိုဖြတ်တောက်ဖို့ နိုင်ငံစုံလုပ်ငန်းတပ်ဖွဲ့တစ်ခုဖွဲ့စည်းဖို့ အားပေးသင့်တဲ့အချိန်လို့ ဆိုချင်ပါတယ်။

တရုတ်အစိုးရကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တရုတ်ဒုစရိုက်ဂိုဏ်းဝင်တွေကို ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကိုးကန့်၊ ဝနဲ့ မိုင်းလားဒေသတွေအတွင်း စစ်ဆင်မှုတစ်ရပ်ပြုခဲ့တာပါ။တရုတ်နိုင်ငံရဲ့ ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေက ဒေသတွင်းလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ကျားဖြန့်စခန်းတွေလက်ခံထားမှုကို ပိတ်ပေးဖို့နဲ့ အဲဒီစခန်းတွေမှာရောက်နေတဲ့ တရုတ်နိုင်ငံသားများစွာကို ပြန်လွှတ်ပေးဖို့ ဖိအားပေးခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ အဆိုပါစစ်ဆင်မှုက မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားဖို့လမ်းကြောင်းကို တိုက်ရိုက်ဦးတည်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ်တိုက်ခိုက်မှုတွေမှာ ကိုးကန့်နယ်အတွင်း ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့တွေကိုဖြုတ်ချပြီး MNDAA ခေါ်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေက အာဏာရလာပါတယ်။ ဒီလိုပဲ ဒီနေ့ဆိုရင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေက မြန်မာ့တပ်မတော်ရဲ့ စစ်စခန်းအချို့ကို နိုင်ငံအနှံ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ ကရင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားနေတဲ့ ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့်စခန်း ဖြိုခွဲဖို့ လိုပါလိမ့်မယ်။ ကရင်နယ်ခြားစောင့်တပ်ဖွဲခေါင်းဆောင် စောချစ်သူ ဆိုတာက တရုတ်ကျားဖြန့်စခန်းအများအပြားကို ကရင်ပြည်နယ်အတွင်းလက်ခံထားမှုမှာ ပါဝင်ပတ်သက်နေသူပါပဲ။ ဒီကျားဖြန့်စခန်းတွေဖွင့်ထားမှုမှာ ပါဝင်ပတ်သက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲခေါင်းဆောင်သုံးဦးအနက် စောချစ်သူကလည်းတစ်ဦးလို့ ဆိုကြပါတယ်။ တခြားနှစ်ဦးကတော့ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်​မုတ်သုန်နဲ့ ဗိုလ်မှူးအဆင့်ရှိ တင်ဝင်းဆိုသူတို့ပါပဲ။ စောချစ်သူက နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ပြည်တွင်းပဋိပက္ခမှာ ကြားနေမယ်လို့ ဧပြီလဆန်းပိုင်းက ကြေညာခဲ့ပေမယ့်လည်း မကြာမီကဖြစ်ပွားခဲ့တဲ့ ကရင်လက်နက်ကိုင်တပ်တွေနဲ့ မြန်မာ့တပ်မတော်တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်ဘက်က ပါဝင်ခဲ့တာတွေ့ရပါတယ်။

ဒီမှာစောချစ်သူက သူလက်ခံထားတဲ့ ဒုစရိုက်အင်ပါယာကြီးအတွက် လုံခြုံရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီး စတဲ့ အထောက်အကူတွေရဖို့ အလေးထားတာပါ။ စောချစ်သူက ရွှေကုက္ကိုလ် အပါအဝင် မြဝတီမြို့အနီးတစ်ဝိုက်ရှိ ကျားဖြန့်စခန်းတွေကနေ အကျိုးအမြတ်ဝင်ငွေတွေရရှိနေတာပါ။ ဒါပေမယ့် သူ့ကိုရော အခြားသော နယ်ခြားစောင့်တပ်ဖွဲ့ခေါင်း ဆောင်နှစ်ဦးကိုပါ ထိုင်းအစိုးရရော၊ တရုတ်အစိုးရရဲ့ ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေကပါ ဆန့်ကျင်မှုမပြုကြပါဘူး။

ဒါ့ပြင် ကေအန်ယူအဖွဲ့ရဲ့ ကာကွယ်ရေးဌာနကဖြစ်ပြီး KNLA လက်နက်ကိုင်တပ်ဖွဲ့ တပ်မဟာ ၇ မှ တပ်မှူးတစ်ဦးဖြစ်တဲ့ စောရော်ဂျာခင်ကတော့ မြဝတီမြောက်ဘက်မှာရှိတဲ့ ကရင်ပြည်နယ်အတွင်းက ဒုစရိုက်အချက်အချာနေရာတစ်ခုဖြစ်တဲ့ Huanya Project ကို ထိန်းချုပ်ထားတာပါ။ ကေအန်ယူ သတင်းအရင်းအမြစ်တွေအရတော့ ဒီစီမံကိန်းမှာ ဗိုလ်မှူးတင်ဝင်းလည်း ပါဝင်နေတယ်လို့သိရပါတယ်။ နိုင်ငံတကာက လောင်းကစား၊ ကျားဖြန့်နဲ့ လူကုန်ကူးရာအချက်အခြာနေရာအဖြစ်သိကြတဲ့ ရွှေကုက္ကိုလ်မှာ လောင်းကစားမြို့တော်စီမံကိန်းကြီးဖြစ်တဲ့ Huanya Project ကိုတည်ဆောက်ဖို့ပါပဲ။

တဖန် စောရော်ဂျာခင်က သက်သေအထောက်အထားမရှိသေးသော်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း သောင်ရင်းမြစ်ကမ်းပါးမှာပဲတည်ရှိတဲ့ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုအချက်အခြာဖြစ်တဲ့ KK Park စီမံကိန်းမှာပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ KK Park အဆောက်အအုံဝင်းကြီးကိုဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားမှာ ကေအန်ယူနဲ့တရုတ်ကုမ္ပဏီတွေပူးပေါင်းတည်ဆောက်ခဲ့တာလို့ သိရပါတယ်။

ဒါတွေကိုကြည့်ရင် ကရင်ပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ လူကုန်ကူးမှုလုပ်ငန်းစတဲ့ ဒုစရိုက်လုပ်ငန်းပေါင်းစုံအတွက် အချက်အခြာစခန်းတွေမှာ KNU၊ KNLA၊ BGF တို့မှ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တပ်မှူးတွေ ပါဝင်နေတာ တွေ့ရမှာပါ။

ဒါကြောင့်လည်း ကရင်ပြည်နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဒုစရိုက်ဂိုဏ်းသားတွေကို ခိုလှုံခွင့်ပေးခြင်းအား ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာက အားထုတ်ဆောင်ရွက်မှုတစ်ရပ်လိုမှာပါ။ ဒီနိုင်ငံစုံအားထုတ်မှုမှာ ပထမအချက်အနေနဲ့ ကရင်ပြည်နယ်အတွင်း နယ်စပ်ဖြတ်ကျော်လုပ်ငန်းတွေကိုဖြတ်တောက်ပြီး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေက ဒုစရိုက်လုပ်ငန်းဆောင် ရွက်နေသူများကို ထိရောက်စွာ အရေးယူလို့ ကျားဖြန့် စခန်းများမှာ အဓမ္မခိုင်းစေခံနေရသူတွေကိုလည်း ပြန်ပို့ရမှာပါ။

ဒုတိယအချက်အနေနဲ့ အခြားနိုင်ငံတွေမှ သူတို့ရဲ့မိတ်ဖက်တွေနဲ့ ဆက်သွယ်မှုကွန်ရက်တွေကိုလည်း မြန်မာနိုင်ငံအတွင်း ဖြတ်တောက်ရမှာပါ။ အထူးသဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ လာအို၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့မလေးရှားတို့မှဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ ကေအန်ယူရဲတပ်ဖွဲ့ဖြစ်လာစေရေး ခိုင်မာတဲ့ထောက်ပံ့မှုပေးရမှာပါ။ စတုတ္ထအနေနဲ့ ဒီဒုစရိုက်ကျားဖြန့်စခန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေကို ကမ္ဘာ့နိုင်ငံတွေက ခိုလှုံခွင့်မပေးဘဲ ပိတ်ဆို့ရမှာပါ။

ဒီလိုအချက်တွေနဲ့ နိုင်ငံတကာကပါပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း ဒုစရိုက်ဂိုဏ်းသားများရဲ့စခန်းတွေကို ဖြိုခွင်းနိုင်မယ်လို့ ယူဆရပါတယ်။

Ref- United States Institute of Peace

Leave a Reply

Your email address will not be published. Required fields are marked *