၅.၁၂.၂၀၂၅
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံလွင်ဥယျာဉ်ဝင်း၊ ရာပြည့်စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီးတိမ်းမှောက်ကာ မြောင်းထဲကျသဖြင့် အမျိုးသားကြီးတစ်ဦး သေဆုံးမှု ဒီဇင်ဘာလ ၄ ရက် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ ဘိုကုန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မြောင်းထဲကျရာမှ ဦးခေါင်းထိခိုက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



စားသောက်ဆိုင်အနီး ဆိုင်ကယ်တစ်စီးတိမ်းမှောက်ပြီး ဆိုင်ကယ်သမား မြောင်းထဲထိုးကျနေကြောင်း ဖုန်းဆက်၍ အကူအညီတောင်းခံလာသဖြင့် MR မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရ၍ သေဆုံးခဲ့သော အမျိုးသားကြီးကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း MR မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
