၁၉. ၄. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးကို နတ်မောက် PDF တွေက သွားရောက် ပစ်ခတ် သတ်ဖြတ်ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူး သေဆုံးသွားတယ်လို့ People’s Defence Organization – Natmauk တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာ န-ဖုန်ကုန်းကျေးရွာ ပြည်သူ့စစ်(ပျူစောထီး)ခေါင်းဆောင်ဆိုသူ အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးကို နေအိမ်အထိ PDF ၇ ဖွဲ့က သွားရောက် ပစ်ခတ် တိုက်ခိုက်တာမှာ ဦးခင်မောင်အေးက ကာဘိုင်တစ်လက်နဲ့ ပြန်ပစ်ပေမဲ့ အားချင်းမမျှတာကြောင့် ဦးခင်မောင်အေး ကျည်ထိသေဆုံးသွားတာပါ။

အုပ်ချုပ်ရေးမှူးတစ်ယောက်ကို PDF ၇ ပေါင်းပြီး လာပစ်ခတ်လို့ သေဆုံးသွားအပြီးမှာ ကာဘိုင်သေနတ် ၁ လက် ၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတို(အတု) ၁ လက် ၊ လက်ပစ်ဗုံး ၃ လုံး ၊ ၉ မမကျည် ၄ တောင့် ၊ စစ်ဝတ်စုံ ၁၁ စုံ ၊ အီကွတ်မန့် ၇ စုံ ၊ စစ်ဖိနပ် ၅ ရံ ၊ ကျောပိုးအိတ် ၁ လုံးနဲ့ ဖုန်းတွေ စာရွက်စာတမ်းတွေ လုယက်သိမ်းယူခဲ့တယ်လို့လည်း နတ်မောက် PDF တွေက ပြောပါတယ်။

ဒီ သတ်ဖြတ်မှုကို နတ်မောက် ပကဖ ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ကြိုးကြာနီတပ်ဖွဲ့ ၊ မြို့သစ် ပကဖ ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ၊ Aung San’s land ၊ တပ်ရင်း(၉၀၂) တို့ ပူးပေါင်းကျူးလွန်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်ကို PDF ၇ ဖွဲ့က အလစ်မှာစပစ်တာမို့လို့လည်း PDF တွေက မထိခိုက်ခဲ့ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News