၁၉. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ပေးအပ်ဖို့ စဉ်းစားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတယ်လို့ အရာရှိ နီခွန်ဒပ် ပလမ်ခွန် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာပဋိပက္ခတွေမှာ ကြားနေအဖြစ် ဆက်လက်ရပ်တည်နေမယ်လို့ ထုတ်ဖော်ပြောကြားထားတဲ့ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင်ကနေ နယ်စပ်ဖြတ်ကျော်ကာ ကုန်တင်ကား ၁၀ စီးနဲ့ ထောက်ပံ့ရေးအထုပ် ၄၀၀၀ ခန့် တင်ဆောင်ပြီး ကရင်ပြည်နယ်ရှိ မြို့သုံးမြို့က စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပထမအကြိမ်အဖြစ် ပေးအပ်ခဲ့ပါတယ်။

ပါဆယ်ထုပ်တွေရဲ့စုစုပေါင်းတန်ဖိုးဟာ ဘတ် ၅ သန်း (ဒေါ်လာ ၁၃၈၀၀၀ ခန့်) ရှိပြီး ထောက်ပံ့ရေးပစ္စည်းတွေထဲက အများစုမှာ အစားအသောက်၊ အသင့် သောက်သုံးစရာတွေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးပစ္စည်းတွေလိုမျိုး အခြားအခြေခံပစ္စည်းတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ လူပေါင်း ၂ ဒသမ ၈ သန်းကျော်က အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပြီး အများစုမှာ ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုဖြစ်စဉ်ပြီးနောက် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးငယ် ၆ သန်း အပါအဝင် လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

Ref; The Star

Leave a Reply

Your email address will not be published. Required fields are marked *