၁၅.၄.၂၀၂၄
Written By Thandar

၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့ မနက်ပိုင်း ဧပြီလ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့ ဘိုကလေးဈေးအနီးရှိ ဗိုလ်တထောင်ရေကစား မဟာသင်္ကြန်မဏ္ဍပ်မှာမြို့နယ်တချို့က ယိမ်းအကအဖွဲ့တွေက သင်္ကြန်တေးသီချင်းတွေ သီဆိုဖျော်ဖြေကပြခဲ့ကြပါတယ်။

အဆိုပါ ရေကစားမဏ္ဍပ်မှာ ကပြဖျော်ဖြေကြတဲ့ ယိမ်းအဖွဲ့ကို တာဝန်ရှိသူတွေက ဆုကြေးငွေတွေ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီသင်္ကြန်ကို လာရောက်ပျော်ရွှင် ကနေကြသူတွေလည်း ရှိကြသလို ‌ကားတချို့နဲ့ အလည်အပတ်ထွက်ရှိလာကြတာလည်းရှိပါတယ်။

သင်္ကြန်ကာလ ၃ရက်မြောက်တဲ့နေ့ဖြစ်တဲ့ သင်္ကြန်အကြတ်အထိ ပျော်ရွှင်စရာ မြန်မာ့ရိုးရာသင်္ကြန်မှာ ပျော်ရွှင်စွာလည်ပတ်သူတွေများပြားလျက်ရှိကြပါတယ်။ ကလေးငယ်လေးတွေ တချို့ကတော့ သင်္ကြန်ကာလ ယခုနှစ်မှထိ‌တွေ့ရခဲ့တာမို့ မိမိအိမ်ရှေ့မှာ ရေပုံးတွေ ချပြီ ရေပက်ဆော့တာလည်း ရှိကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *